《၄》

270 50 2
                                    

Unicode

သောကြာ​နေ့။​နောက်ဆုံးအတန်းချိန်၏ ​ကျောင်းဆင်း​ခေါင်း​လောင်းက အသံမြည်လာခဲ့သည်။ဟယ့်​ဝေ့တစ်​ယောက် အိပ်ချင်မူးတူးနှင့် မတ်တပ်ထရပ်လိုက်၏။အခြား​ကျောင်းသားများသည်လည်း ပစ္စည်းပစ္စယာ​တွေကို ​ကျောပိုးအိတ်​ထဲ အလျိုလျို သိမ်းဆည်း​နေကြသည်။ဟယ့်​ဝေ့ သူ့ကိုယ်သူ နိုးနိုးကြားကြားဖြစ်​အောင် နှစ်စက္ကန့်မျှ လုပ်လိုက်ပြီး ကား​သော့ရယ် ၊ ဖုန်းရယ်ကို ယူကာ အတန်းမှထွက်ခဲ့သည်။

သူ အတန်း (၁) ၏ အ​နောက်ဘက်တံခါးသို့ ​နှေး​နှေး​ကွေး​ကွေး ​လျှောက်လာ၍ တတိယ​မြောက်စာသင်ခုံတန်းရှိ ​နောက်ပိတ်ဆုံးခုံအား လှမ်းကြည့်သည်။လူက ရှိမ​နေ။ဟယ့်​ဝေ့ ​ခေါင်းကိုငဲ့လို့ ထိုင်ခုံ​တွေစီ​နေ​သော အိုမီဂါတစ်ဦးထံ ​မေးလိုက်သည်။

" လုဟယ့်ရန်​ရော "

တစ်ဖက်အိုမီဂါက ရှက်ဝဲဝဲ​လေး ​ဖြေသည်။

" အိုမီဂါတစ်​ယောက် ​စော​စော​လေးက သူ့ဆီလာရှာ​တော့ သူ အပြင်ထွက်သွားတယ်ရယ် "

ဟယ့်​ဝေ့ : " အင်း ၊ ​ကျေးဇူးပဲ "

အနှီအိုမီဂါက လုဟယ့်ရန်ကို ဘာလုပ်မည်မှန်း ဟယ့်​ဝေ့ နှစ်​ခေါက်စဉ်းစား​နေရန်မလိုဘဲ သိလိုက်ပါ၏။သူတို့နှစ်​ယောက် အရွယ်​ရောက်လာချိန်တွင် လုဟယ့်ရန်က လူ​တွေနှင့် အကွာအ​ဝေးတစ်ခုခြား​နေထိုင်​လျက် တသီးတသန့်ဆန်လှသည့် အယ်လ်ဖာတစ်ဦးဖြစ်​နေခဲ့သည် --- သို့တိုင် ၎င်းမှာလည်း ကံ​ကောင်းမှု​လေးတစ်ရပ်ရှိသည့်ပုံပါ​​ပေ ၊ ခပ်တန်းတန်း​နေတတ်​သော ခံစားချက်က လူ​တွေကို ဆွဲ​ဆောင်ရန် ပိုမိုလွယ်ကူ​နေသည့်အလား။

ဟယ့်​ဝေ့ စဉ်းစားမိသည်။မျက်နှာနှင့်ခန္ဓာကိုယ်ကို ခဏထားဦး ၊ လုဟယ့်ရန်သာ အနည်းငယ် ပိုနူးညံ့ပြီး အနည်းငယ် ဖော်​ဖော်​ရွေ​ရွေရှိခဲ့လျှင် သူ့အား လူ​တွေ အခု​လောက်ကြီး လွန်လွန်ကျူးကျူး တန်းတန်းစွဲကြလိမ့်မည် မဟုတ်ဟု။

မဟုတ်ပါက လုဟယ့်ရန် အခု ငြင်းသကဲ့သို့ ငြင်း​​နေရမည်ပင် - ' ငါ့အကြိုက်ပုံစံက ၀မ်းဗိုက်ကြွက်သား​တွေအပြည့်နဲ့ အရပ် ၁.၈ မီတာထက်ကျော်တဲ့ အိုမီဂါမျိုး ' ။ဤအ​ကြောင်းပြချက်ဟာ အင်မတန် ထိ​ရောက်လှပါ၏။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now