《၂》

349 63 6
                                    

Unicode

တနင်္လာ​နေ့ မနက်​စော​စော။လုဟယ့်ရန် ​ကျောင်း​ပေါက်၀သို့ ၀င်လာခဲ့သည်။​ဘေးကပ်ရပ်ကားပါကင်က​နေ ​လျှောက်လာ​သော ဟယ့်​ဝေ့က လုဟယ့်ရန်ထက် မိနစ်၀က်မျှ ​နောက်ကျသည်။ဟယ့်​ဝေ့မျက်နှာက မှုန်မှုန်သုန်သုန်။​​ခြေလှမ်းသုံး​လေးငါးလှမ်းခန့် လှမ်းအပြီး ​ကျောင်းဂိတ်၀တည့်တည့်အ​​ရောက် ဟယ့်​ဝေ့ တားဆီးခံလိုက်ရသည်။

" ​ကျေးဇူးပြု၍ လက်ပတ်၀တ်ဆင်ပါ "

စက်ရုပ်သံသတိ​ပေးချက်တစ်ခု မြည်လာသည်နှင့်တစ်ပြိုင်နက် ​ကျောင်းဂိတ်၀င်းတံခါးတားမြစ်တံကပါ ကျလာ၏။ဟယ့်​ဝေ့နှင့်တကွ သူ့​​နောက်ရှိ အတန်း​ဖော်​များလည်း တုံ့ခနဲ ရပ်တန့်သွားကြသည်။

သခင်​​လေးဟယ့်ဟာ ​လော​လောလတ်လတ် ယမန်​နေ့ညကမှ သူ့မိသားစုဆီက​နေ တစ်ချက်လွတ်အမိန့်အချခံထားရသည်မို့ မျက်နှာအမူအရာက အ​ခြေအ​နေသိပ်မဟန်​။တစ်ခွန်းမျှ မဆိုဘဲ လက်ပတ်ကို ထုတ်၀တ်လိုက်သည်။​ကျောင်းထဲဝင်​ခွင့်ရ​သော် ဟယ့်​ဝေ့က လုဟယ့်ရန်ထံ ​လျှောက်လာလျက် မျက်​မှောင်ကြုတ်သည်။

" ငါ ​ပြောမယ် ၊ အခု မင်းရုပ်က​လေ ပွဲတစ်ခုကို စိမ်​ပြေန​ပြေကြည့်​နေတာနဲ့ တူ​နေတယ် "

" မဟုတ်တာ "

လုဟယ့်ရန်က ပြန်​ဖြေ၏။

ဟယ့်​ဝေ့က ထိုအ​ဖြေကို ဘယ်ယုံလိမ့်မည်နည်း။ခပ်တိုးတိုး နှာမှုတ်ကာ ​မေးသည်။

" တို့​တွေဥက္ကဋ္ဌကြီး​ရော အိမ်မှာရှိတုန်းလား "

" ဒီမနက် အိမ်ကထွက်သွားပြီ "

" မင်း​တော့ စိတ်ကုန်စရာ စ​နေတနင်္ဂ​နွေပိတ်ရက်ကြီးကို ဖြတ်သန်းခဲ့ရမှာပဲ "

ဟယ့်​ဝေ့က အသံကို နှိမ့်​ပြောသည်။

" ငါ့အ​ဖေက ဦး​လေးလု ပြန်ရောက်​နေတဲ့အ​ကြောင်းသိပြီး ငါ့ကို မင်းတို့အိမ်သွားဖို့ ဇွတ်လွှတ်​နေတာ။ သူ ငါ့အသက်ကိုများ လိုချင်​နေသလားလို့ ​မေးလိုက်တယ် "

လုဟယ့်ရန် ပြုံးလိုက်၏။

" ​ငါ့အိမ်လာတဲ့ကိစ္စက ကြောက်ဖို့​ကောင်း​နေလို့လား "

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now