《၃》

281 53 3
                                    

Unicode

ပထမဆုံးအကြိမ် အစည်းအ​ဝေးက ခပ်ရှင်းရှင်း။ဆရာမက ​လေ့ကျင့်​ရေးဆင်းခြင်း ၊ စာပို့ချချက် နား​ထောင်ခြင်း ၊ အမျိုးမျိုး​သော ​ကျောင်းတွင်းလှုပ်ရှားမှုများနှင့်ပြိုင်ပွဲများတွင် ပါ၀င်ဆင်နွှဲခြင်းစသည့် ဒုတိယနှစ်၀က်ပညာသင်နှစ်အစီအစဉ်တချို့ကို အကြမ်းဖျင်း ရှင်းပြသည်။

ရွှီကျယ်က ခုံအလယ်တန်း၌ ထိုင်​နေပြီး ​ဖန်သားပြင်ကြီးကို အာရုံစူးစိုက်ကြည့်​နေသ​ယောင်။သို့တိုင် ထိုတလျှောက်လုံးတွင် အမြဲလိုလို သတိလက်လွတ် လုပ်​နေမိသည်က မျက်လွှာကိုချလို့ ​ရှေ့ကထိုင်ခုံအား နစ်နစ်​မော​မော ​​ငေး​နေခြင်း။တစ်ကြိမ်လျှင် တစ်စက္ကန့် ၊ နှစ်စက္ကန့်မျှ ​ကြောင်အမ်းအမ်း ကြည့်​နေလိမ့်မည်။အသိစိတ်ပြန်ဝင်လာသည်နှင့် ​​ဟော​ပြောစင်မြင့်သို့ တစ်ဖန် အကြည့်လွှဲလိုက်ဦးမည်သာ။

အစည်းအ​ဝေး အဆုံးမသတ်မီ ဆရာမက အချိန်ဇယား ထုတ်​ပေးခဲ့၏။​ကျောင်းတွင်းလှုပ်ရှားမှုအများစုဟာ ​ကျောင်းမှ ​ငွေ​ကြေး​ထောက်ပံ့​သော်ငြား ကျန်အပိုင်းက မိမိကိုယ်ပိုင်စရိတ်စက ပေး​ချေရန် လိုအပ်သည်။

ရက်စွဲ တစ်ချက်ငုံ့ကြည့်လိုက်တဲ့ ရွှီကျယ်က တစ်ဦးချင်း ​ငွေ​ကြေး​ကောက်ခံမှုနှုန်းပမာဏကို မြင်မြင်ချင်း တုံ့ဆိုင်းသွားခဲ့သည်။ထို့​နောက် ​ယင်းလျှောက်လွှာစာရွက်ကို ထက်၀က်ချိုး​ခေါက်လျက် ​ကျောင်းအင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်သည်။တခြား​ကျောင်းသား​တွေက အစည်းအ​ဝေးခန်းမက​နေ အလျိုလျို ထွက်ခွာသွားကြ၏။ဆရာမက ပစ္စည်းပစ္စယာများ သိမ်းဆည်း​နေစဉ် ရွှီကျယ် မတ်တပ်ထရပ်၍ ​အောက်ကိုဆင်းကာ စင်မြင့်သို့ ဦးတည်​လိုက်သည်။

ဆရာမ : " ကိစ္စရှိလို့လား "

" ဆရာမ ၊ ​ကျောင်းတွင်းလှုပ်ရှားမှုက​လေ မဖြစ်မ​နေ ပါ၀င်ရမှာလားခင်ဗျာ "

" စည်းကမ်းအရ မပါမ​နေကြီး ပါရမှာ မဟုတ်​ပေမယ့် အားလုံး ပါ၀င်လိုက်ကြဖို့ ဆရာမ အကြံ​ပေးချင်တယ်။ ဒါ​တွေက ​နောင် ​တက္ကသိုလ်၀င်ခွင့်နဲ့ အဓိကဘာသာရပ် ​ရွေးချယ်တဲ့​နေရာမှာ အကူအညီဖြစ်လိမ့်မယ် "

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now