《၈》

239 49 3
                                    

Unicode

No.17 တစ်ဖန် ​ခေါင်းမော့အလာ ၊ ​သွေးစများက ​မေး​စေ့တွင် စီးကျနေခဲ့သည်။​ခေါင်းတုံးဆံ​တောက်​ကေနှင့် အယ်လ်ဖာက No.17 အား ​ချောင်ပိတ်ညှပ်ထားပြီး မျက်နှာသို့ လက်သီးချက်များ ဆက်တိုက်ပစ်သွင်း​နေသည်။ No.17 က ယင်းကို လက်​မောင်း​မြှောက်ကာဆီးလိုက်​သော်ငြား ပြန်လည်တိုက်ခိုက်ခြင်းမပြု။ဟယ့်​ဝေ့က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရင်း ​ကောက်ချက်ချသည်။

" ​ဒီ​နေ့ No.17 ​တော့ အသက်ပါ ​ပျောက်မလားပဲ "

ကုယွင်ချီ : " ကစားသမားအသစ်ကို ​ကြော်ငြာတာ​လေ။ လူသစ်ကစားသမား ​ရောက်လာတဲ့အချိန်တိုင်း ပထမဆုံးထိုးပွဲက No.17 နဲ့ပြိုင်ရတယ်  "

ကစားပွဲတစ်​လျှောက်လုံး၌ No.17 က လက်သီးချက်ဟု များများစားစား မထိုးသွင်းခဲ့ရပါ​ချေ။ဒိုင်လူကြီးက ​​လှောင်ချိုင့်အတွင်းရှိ စင်​ပေါ်တက်လာကာ ရပ်ရန်အချက်ပြလျှင် No.17 က သံမဏိဆန်ခါကွက်စည်းရိုးကို တိတ်တိတ်​လေး မှီနားသည်။​သွေးနီနီ​စွေး​စွေးက မျက်နှာ၀ယ် ဖုံးလွှမ်း​ပေကျံ​နေ၏။​ခေါင်းတုံးဆံ​တောက်အယ်လ်ဖာက No.17 အား လက်သီးနှင့် အချက်​ရေအနည်းငယ် ထပ်ထိုးအံ့ဆဲဆဲ ၊ ဒိုင်လူကြီးက ဟန့်တားလိုက်သည်။အ​ပျော်တမ်း ​ဖျော်​ဖြေ​ရေးပွဲတစ်ခု​ပေမို့ အကျယ်ချဲ့ရန် မလိုအပ်ပါ​လေ။

​ခေါင်းတုံးဆံ​တောက်အယ်လ်ဖာဟာ စင်မြင့်ထက်က မဆင်းမီ အဋ္ဌဂံ​လှောင်ချိုင့်အလယ်တွင် မားမားမတ်မတ် ရပ်၍ လက်သီးဆုပ်ကို ​အောင်နိုင်သူအသွင် ​လေ​​ပေါ်​မြှောက်ရင်း ​ဘေးပတ်ပတ်လည်ကို ဂုဏ်ယူ၀င့်ကြွားစွာ ​မော်ချီကြည့်​လိုက်သည်။​လှောင်ချိုင့်ဖျာ​ပေါ်မှာ ​ခေတ္တ လှဲ​လျောင်း​နေရသည့် No.17 က ဖြည်းဖြည်းချင်း ထထိုင်လျက် ဒုတိယံပိအကြိမ် ပရိသတ်ဘက်သို့ သတိလက်လွတ် လှည့်ကြည့်မိသည်။

No.17 ၏ မျက်နှာက ​သွေးနှင့်ဆီ​ဆေးတို့ အတူတကွ ​ပေါင်းစပ်​ရော​နှော​နေသဖြင့် မြင်သူ စိတ်မချမ်း​​မြေ့ဖွယ်ပင်။ပါးနှစ်ဖက်က မူလရုပ်ရည်ကို မမှတ်မိနိုင်​​လောက်​အောင် အ​ယောင်​ယောင်အကိုင်းကိုင်း။လုဟယ့်ရန်က အဋ္ဌဂံ​လှောင်ချိုင့်အထက် တစ်မီတာ​ကျော်ပိုမြင့်​သော ​နေရာတွင် ထိုင်လို့ ​အောက်ကိုငုံ့ကြည့်​နေခြင်း။၎င်းတို့နှစ်ဦးကြားတွင် အနက်​ရောင်ဆန်ခါကွက်စည်းရိုးက ပိုင်းခြားထား၏။အတွင်း၌ ထိုင်​နေ​သော No.17 ဟာ ခြေသည်းလက်သည်းများ ကျိုးပဲ့​နေပါသည့် ပိတ်​လှောင်ခံ သားရဲတစ်​ကောင်အလား။နှစ်​ယောက်သား မတြာ၀က်စာမျှ အကြည့်ဆုံမိသခိုက် No.17 က ဦး​ခေါင်းကို ခက်ခက်ခဲခဲ လွှဲဖယ်သွားခဲ့သည်။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now