《၁၃》

271 48 3
                                    

Unicode

နေ့လယ်စာ စားပြီး​လျှင် ဆရာမက လူတိုင်း အခန်းဆီ တ​ရေးတ​မောပြန်အိပ်ကြရန်နှင့် ​မွန်းလွဲ ၂ နာရီခွဲတွင် ပို့ချချက် တက်​ရောက်ရန် ဟိုတယ်က စထွက်မည်ဖြစ်​ကြောင်း အသိ​ပေးသည်။ဟယ့်​ဝေ့နှင့်ကုယွင်ချီက ကား​ပေါ်၌ လုံလုံ​လောက်​လောက် အိပ်ခဲ့ကြသလို လုဟယ့်ရန်သည်လည်း ​နေ့လယ်စာမစားခင်က ခဏတစ်ဖြုတ် အနားယူထားရာ သုံး​ယောက်သား ​အေး​အေး​ဆေး​ဆေး ​လျှောက်လည်ကြရန် အစီအစဉ်ဆွဲလိုက်ကြသည်။

လုဟယ့်ရန်က တန်းထွက်မသွားဘဲ ရွှီကျယ့်ထိုင်ခုံသို့ ​ဦးတည်လျှောက်လာကာ အခန်းကတ်ကို ကမ်း​ပေးသည်။

" ​ဒီမှာ အခန်း​သော့။ ငါ အပြင်ခဏသွားလိုက်ဦးမယ် "

ရွှီကျယ် အခန်းကတ်ကို လှမ်းယူလိုက်၏။သူ့အကြည့်​တွေက လုဟယ့်ရန်ရဲ့လက်​ချောင်းသွယ်သွယ်များတွင် ရစ်၀ဲ​နေသည်။

" အင်း "

အခန်းပြန်​ရောက်​သော် ရွှီကျယ် မျက်နှာသစ်ပြီး ခန်းဆီးများကို ပိတ်လိုက်သည်။သူ့အိပ်ရာဆီ ​လျှောက်သွားရင်း ရုတ်ခြည်း ရပ်လိုက်၏။ရွှီကျယ် ခပ်ဆဆ​လေး ​တွေ​ဝေလျက်ပင် လုဟယ့်ရန်အိပ်ရာ​ပေါ်က တွန့်လိပ်​နေ​သော အိပ်ရာခင်းအစွန်းများအား ကိုယ်ကိုကိုင်းလို့ ဂရုတစိုက် ပြန့်​အောင်ဖြန့်​​ပေးလိုက်သည်။

ဟိုတယ်အိပ်ရာက သိပ်နူးညံ့လွန်းသည်မို့ ရွှီကျယ် ​ကောင်း​ကောင်း ကျင့်သားမရ။အတန်ကြာ ​တောင်လှိမ့်လိုက် ၊ ​မြောက်လှိမ့်လိုက် ပြုမူ​နေ၍ ​နောက်ဆုံး၌ ဘယ်ဘက်ကို ​စောင်းလှဲလိုက်သည်။​လျှောက်လမ်းကျဉ်း​လေး၏ တစ်ဖက်ခြမ်းရှိ လုဟယ့်ရန်​ခေါင်းအုံးကို ​ငေးကြည့်ရင်း မျက်လုံးများကို အသာအယာ ​မှေးမှိတ်လိုက်​လေသည်။

မိနစ်​ ၄၀ ခန့်ရှိစဉ် ရွှီကျယ် နိုးလာကာ ဖုန်းဖွင့်ကြည့်သည်။အချိန်က ​နေ့လယ် ၁ နာရီခွဲ။တံခါး​ခေါက်သံဖွဖွကို ကြားလိုက်ရသဖြင့် ရွှီကျယ် ထထိုင်လိုက်မိသည်။အရမ်းအားပြင်းပြင်းကြီး တဒုန်းဒုန်း​ခေါက်​နေတာမဟုတ် ၊ လက်ဆကို ချိန်​ခေါက်​နေသည့်ဟန်။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now