《၁၄》

316 55 15
                                    

Unicode

ရွှီကျယ် ​ရေချိုးပြီး ထွက်လာ​သော် ဆိုဖာတွင် ထိုင်​နေသည့် လုဟယ့်ရန်က ရုပ်ရှင်တစ်ခုကို ​မေး​ထောက်ကြည့်​နေသည်။၎င်း​ဘေး၌ တစ်​ယောက်ထိုင်စာ​နေရာအလွတ်​လေးရှိပါ​သေးသည့်တိုင် ရွှီကျယ်က သူ့ခုတင်ဆီ ​လျှောက်သွားကာ ထိုင်လိုက်သည်။ထို့​နောက် ​ခေါင်းငုံ၍ ဆံပင်​ရေသုတ်​နေ၏။

" ညစာစားပြီးပြီလား "

လုဟယ့်ရန်က ရွှီကျယ်ထံ လှည့်​မေးသည်။

ရွှီကျယ်ဟာ ​ရေသုတ်ပဝါကြားထဲက​နေ ​ခေါင်း​လေး​ဖော်​ဖြေသည်။

" ဟင့်အင်း "

" ငါ ဟိုတယ်စား​သောက်ဆိုင်ကို ဆက်သွယ်​ပေးရဦးမလား "

ရွှီကျယ် : " မဆက်သွယ်ပါနဲ့ ၊ ငါ မုန့်၀ယ်ခဲ့တာရှိတယ် "

လုဟယ့်ရန် စားပွဲ​ပေါ်က အလွှာအထပ်ထပ် ထုပ်ပိုးထား​သောအိတ်ကို ကြည့်လိုက်သည်။

" ဒါလား ? "

" ဟုတ်တယ် "

လုဟယ့်ရန် အ​ရှေ့တည့်တည့် မျက်နှာမူလိုက်ပြီး တီဗွီဆက်ကြည့်​နေသည်။ရွှီကျယ်က သူ့ဘာသာသူ ပဝါတစ်ထည်နှင့် ဆံပင်​သုတ်​နေရာမှ အသက်ပြင်းပြင်းရှိုက်ရှူလို့ လှမ်း​မေးသည်။

" မင်း​ရော အတူတူစားမလားဟင် "

" ရပါတယ် ၊ ငါ ညစာနဲ့ ဗိုက်ပြည့်​နေပြီ "

လုဟယ့်ရန်က ယဉ်ယဉ်​ကျေး​ကျေး ငြင်းသည်။

" အင်းပါ "

​ခေါင်းသုတ်ပဝါ​အောက်က ပျံ့လွင့်လာ​သည့် ရွှီကျယ့်အသံဟာ ဗလုံးဗ​ထွေး။

တစ်၀က်မျှ ​ခေါင်း​ခြောက်​အောင်သုတ်ပြီး​သော် ရွှီကျယ် စားပွဲဆီသို့ ထသွားလိုက်သည်။အိတ်ကို ဖြည်လိုက်၏။​ခေါင်းငုံ့ဖြည်​နေစဉ် ဆံပင်တချို့က မျက်နှာ​ပေါ် ၀ဲကျ​လာသည်။ယင်းက ယားကျိကျိ။ရွှီကျယ် လက်တစ်ဖက် ​မြှောက်ကာ မျက်လုံးကို ပွတ်လိုက်သည်။

အနှီအပြုအမူက မျက်ရည်သုတ်​နေသ​ယောင်မို့ လုဟယ့်ရန်က ​လှည့်ကြည့်လာသည်။

ရွှီကျယ်က မျက်လွှာချထား၏။ထိုအနက်​ရောင်တီရှပ်အင်္ကျီအား အကြင်သူ ၀တ်ဆင်သည်ကို လုဟယ့်ရန် မြင်တာ သုံးကြိမ်​မြောက်တည်း။ဖြူ​ဖျော့​ဖျော့ နှုတ်ခမ်းတစ်စုံက တင်းတင်း​စေ့ပိတ်ထားသည်။အနည်းငယ် စိတ်ဓါတ်ကျ ၀မ်းနည်းအားငယ်​နေဟန်။လုဟယ့်ရန် ထူးဆန်းရသည်ပင်။ရွှီကျယ်က သူ့ရဲ့စိတ်ခံစားချက်အ​ပြောင်းအလဲ အတက်ကျကို ထုတ်ပြတတ်သူ မဟုတ်ပါ​ချေ။အကြင်သူဟာ ရယ်​မောရသည်ကို နှစ်သက်ပုံမ​ပေါ်သလို စကားကိုလည်း များများစားစား ​ပြော​လေ့မရှိပါသည့်တိုင် လုဟယ့်ရန်က​မူ ရွှီကျယ့်ထံမှ နူးညံ့သိမ်​မွေ့လှ​သော ခံစားချက်အနုတ်အသိမ်းများကို အာရုံခံနိုင်ခဲ့သည်။သူ အ​တွေးလွန်​နေခြင်း ဖြစ်နိုင်ပါသည်​လေ။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now