《၉》

296 47 3
                                    

Unicode

အခန်းကျဉ်းငယ်ဟာ တိတ်ဆိတ်ငြိမ်သက်​နေသည်မို့ ကျည်ကျည်ကျာကျာ အင်းဆက်အော်မြည်သံက ကျယ်​လောင်သထက် ကျယ်​လောင်လာခဲ့သည်။အချိန်တစ်ခု ကြာမြင့်သည်အထိ မည်သူကမျှ  စကားမစကြ​သေး။

ခဏတစ်ဖြုတ်ခန့်ရှိ​သော် လုဟယ့်ရန် ​မေးလိုက်၏။

" မင်း ဒီည တမင်သက်သက် အရှုံး​ပေးလိုက်ရတာလား "

လုဟယ့်ရန် အ​မှောင်ထဲ၌ ​သေချာရှင်းလင်းစွာ မမြင်ရပါသည့်တိုင် No.17 အနည်းငယ် အံ့အားသင့်သွား​ကြောင်းကိုမူ သတိပြုမိလိုက်သည်။လုဟယ့်ရန်က သူ့အား 'ဘယ်လိုလုပ် လမ်းကြားထဲ ​ရောက်လာတာလဲ' တို့ ၊ 'ဘာလို့ ငါ့ကို ကယ်တာလဲ' တို့ စသည့်​စသည့်​မေးခွန်းမျိုး​တွေ ​မေးရမည့်အစား အနှီ​မေးခွန်းကို ​မေးမြန်းလာခြင်း​ကြောင့် No.17 အံ့သြသွားရသည်ပင်။

" အင်း "

No.17 က ပြန်​ဖြေခဲ့၏။

တစ်ဖက်လူက ဤမျှ ရိုးရိုးသားသား ၀န်ခံလာလိမ့်မည်ဟု လုဟယ့်ရန် ထင်မထားခဲ့။

" မင်း ​သွေး​တွေအများကြီးထွက်တာ မြင်လိုက်တယ် "

လုဟယ့်ရန်က ဆိုသည်။

" အဲဒါက အမြဲ ဒီလိုပါပဲ "

No.17 က စကားရပ်သွားပြီး တိုးလျစွာ ​မေးလာခဲ့သည်။

" ဒါ ....... မင်း ဒီကို​ရောက်တာ ပထမဆုံးအကြိမ်လား ??? "

အမှန်စင်စစ် ဒုတိယအကြိမ်​မြောက်ဖြစ်လင့်ကစား လုဟယ့်ရန် လိမ်ညာလိုက်သည်။

" အင်း ၊ ပထမဆုံး ​ရောက်ဖူးတာ။ ​နေရာ​တွေကို သိပ်​ကောင်း​ကောင်း မသိဘူး "

အပြင်က​ ​ခြေသံတရှပ်ရှပ် ပျံ့လွင့်လာသည်။ No.17 က ချက်ချင်း ​ခေါင်းကို လှည့်လို့ တံခါးအနားကပ် နားစွင့်သည်။သာမာန်ဖြတ်သွားဖြတ်လာမှန်း ​သေချာမှ လုဟယ့်ရန်ဘက်သို့ ပြန်လည် မျက်နှာမူလိုက်၏။

" ဒီ​နေရာက အန္တရာယ်များတယ်။ ​နောက်တစ်ခါ မလာခဲ့ပါနဲ့ "

လုဟယ့်ရန် : " ဟုတ်လား "

No.17 တုံ့ဆိုင်းသွားသည်မှာ သိသိသာသာ။​လော​လောလတ်လတ် ဓါးပြတိုက်ခံထိထားတာ​တောင် 'ဟုတ်လား​' မေးသည့်သူမျိုးကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည် မဟုတ်ပါ​လော။တစ်ခုရှိသည်က လုဟယ့်ရန်ရဲ့အသံဟာ စစ်မှန်​လေးနက်​နေသည့်အပြင် သ​​ဘောရိုးနှင့် ​မေးသ​ယောင်။ No.17 ထိုသို့ ယုံကြည်လက်ခံလိုက်ရ၏။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now