အပိုင်း (၆၄) ပြဿနာ
အမှန်ပင်။ စုမိသားစု၏ ထမင်းပန်းကန်ကို လွယ်လွယ်နှင့်ကိုင်လို့မရပေ။
ထိုတစ်နပ် စားပြီးနောက် ဟန်ညီအစ်ကိုတို့ကို တူးမြောင်းအလုပ်သမားများအဆောင်၏ ခြံဝင်းဂိတ် မြောက်ဘက်ခြမ်းတွင်ရှိိသည့် အခန်းငယ်လေးထဲတွင် ဦးလေးဝမ်နှင့်အတူ နေရန် စီစဥ်ပေးလိုက်လေသည်။ ခုတင်သည် တော်တော်ကြီးပြီး လူသုံးယောက်အိပ်ရန်အတွက် ကြပ်ညပ်မနေချေ။
ယိုကျင့်က တူးမြောင်းအလုပ်သမားများ၏အဆောင်ကို ဟန်ညီအစ်ကိုအား ခေါ်ပြလိုက်ပြီး
“ ငါတို့တွေက တစ်ခန်းချင်းစီရဲ့ သန့်ရှင်းရေးကို လုပ်ပေးစရာမလိုဘူး၊ အများသုံးနေရာတွေကိုပဲ သန့်ရှင်းရေး လုပ်ပေးဖို့လိုတယ်၊ နေ့တိုင်း ခြံအရှေ့၊ အနောက် တံမြက်လှည်းရမယ်၊ ရေအိမ်တွေကိုလည်း ပုံမှန် သန့်ရှင်းရေးလုပ်ရမယ်၊ ပြီးတော့ ဝင်းထဲမှာ ရေနွေးကျိုဖို့ မီးမွှေးလို့ရတယ်၊ ဒါကြောင့် မီးလောင်တာမျိုး မဖြစ်အောင် မီးကိစ္စကိုတော့ သေချာဂရုစိုက်ရမယ်၊ နင်နေ့တိုင်းလုပ်ရမဲ့ အလုပ်က ဒါပဲ မေးစရာရှိသေးလား”
ဟန်လီသည် တော်တော်စကားနည်းသူတစ်ယောက်ပင်။ ယိုကျင့် ပြောလိုက်သည့်စကားကို နားထောင်လိုက်ပြီး ခေါင်းညတ်ပြကာ ‘ဟုတ်’ တစ်လုံးသာပြောပြီး ဘာမှမမေးတော့ချေ။
သူ့တွင် မေးစရာမရှိတော့သည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်က သူ့ကို ဦးလေးဝမ်ဆီ လွှဲပေးလိုက်တော့သည်။
“ ဦးလေးဝမ် သူတို့နှစ်ယောက်လုံးက ငယ်သေးတယ်၊ ဦးလေးကပဲ အစစအရာရာ ပိုပြီးဂရုစိုက်ပေးဖို့လိုတယ်”
ထို့နောက် သူမသည် ညီအစ်ကိုနှစ်ယောက်ဘက် လှည့်ကာ ပြောလိုက်လေသည်။
“ တစ်ရက် ထမင်း ၃နပ်၊ ထမင်းစားဖို့ ငါတို့အိမ်ကိုပဲ လာခဲ့၊ ထမင်းစားချိန်ရောက်ရင် ယိုရင် ဖြစ်ဖြစ် တခြားလူနဲ့ ဖြစ်ဖြစ် ခေါ်ခိုင်းလိုက်မယ်”
အနားက ဦးလေးဝမ်က ဝမ်းသာဟန်ဖြင့် ပြောလိုက်လေသည်။
“ယိုကျင့် နင် ထမင်းကိစ္စ တာဝန်ယူမယ်ဆိုရင် ငါ့ကိုလည်း ချန်မထားနဲ့နော်”
YOU ARE READING
မမကြီး လက်မထပ်သေးဘူးလား
Romanceခေါင်းစဉ် မမကြီး ဘာလို့လက်မထပ်သေးတာလဲ သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက် ၁၂ မတိုင...
