အပိုင်း (၁၁၆) ထိတ်လန့်ဖွယ်အပြောင်းအလဲ
ရှောင်လင်ဖုန်းနှင့် ရှောင်လင်းဝမ်တို့ ထွက်သွားပြီး လဝက်ကြာပြီးနောက် မြို့တော်က ပြဿနာဖြစ်နေသည့် လမ်းကြောင်းမှာ ရုတ်တရက်ပြောင်းသွားတော့သည်။
“ အကြီးဆုံးသခင်လေး ကျွန်တော်တို့အိမ်တော်ကို အပြင်ကနေပြီး ရုံးတော်က စစ်သည်တွေ ဝိုင်းထားကြတယ်”
ပထမဂိတ်ပေါက်က ဘဏ္ဍာမှူးက အပြင်ဘက်မှနေ၍ ထော့နဲ့ထော့နဲ့ဖြင့် ရောက်လာလေသည်။ သူ့ဦးထုပ်ပင် ဘယ်နားကျကျန်ခဲ့မှန်း မသိပေ။ သူသည် ကမန်းကတမ်း အလျင်စလိုပြေးဝင်လာပြီး သည်နေ့အိမ်တွင် ရှိနေသည့် အကြီးဆုံးသခင်လေးကို လာပြောပြလိုက်တော့သည်။
“ သူတို့အားလုံးက လက်နက်တွေ ကိုင်ထားကြတယ်၊ ကုန်ခြောက်ဝယ်ဖို့ တာဝန်ကျတဲ့ အိမ်တော်က အလုပ်သမားတောင် အပြင်ထွက်ခွင့်မရဘူး”
ရှောင်လင်းယွီသည် လက်ထဲက စာအုပ်ကိုချထားလိုက်ပြီး ဘာမှအရေးမကြီးသည့်ဟန်ဖြင့် မျက်လုံးကို ပင့်ကာ ပျာယာခတ်နေသည့်အစေခံကို ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
“ကျွန်တော် သိပြီ၊ ဘဏ္ဍာမှူးကြီးကို ဖူအန်းခြံဝင်းရဲ့ ပင်မခန်းမကို လာခဲ့ဖို့ သွားခေါ်လိုက်ပါ”
ဒီနေ့ အဖေက တခြားလူတွေနဲ့ အလုပ်ကိစ္စဆွေးနွေးဖို့ အပြင်ထွက်သွားတယ်။ ဒုတိယဦးလေးကလည်း ရုံးတော်အစည်းအဝေးကနေ ပြန်မလာသေးဘူး။ အခု အိမ်တော်မှာ သူရယ်၊ အဖွားရယ် အမေရယ်ပဲ ရှိတာ။ အခုနေအရေးအကြီးဆုံးတာဝန်က မိသားစုရဲ့စိတ်နှလုံးကို တည်ငြိမ်အောင် လုပ်ပေးဖို့ပဲ။
ရှောင်လင်းယွီသည် ဖူအန်းခြံဝင်သို့ ခြေလှမ်းကျဲများဖြင့် မြန်မြန်လျှောက်သွားလိုက်သည်နှင့် အမျိုးသမီးယွီနှင့် အမျိုးသမီးစုန့်တို့က ပင်မခြံဝင်းထဲတွင် ထိုင်နေကြပြီးဖြစ်လေသည်။ ဒုတိယမိသားစု၏ သခင်မ အမျိုးသမီးကျောက်ကပင် အလောတကြီး ရောက်လာခဲ့လေသည်။ သူရောက်လာသည်နှင့် သမီး ယောက္ခမအားလုံးက မျက်နှာပေါ်တွင် စိုးရိမ်ကြောက်လန့်စိတ်များဖြင့် ထရပ်လိုက်ကြတော့သည်။
DU LIEST GERADE
မမကြီး လက်မထပ်သေးဘူးလား
Romantikခေါင်းစဉ် မမကြီး ဘာလို့လက်မထပ်သေးတာလဲ သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက် ၁၂ မတိုင...
