အပိုင်း (၁၆၂) စုမိသားစု၏အကြီးဆုံးသမီး မင်္ဂလာပွဲ
ရှောင်မိသားစုဖက်တွင် အားလုံးကို စီစဥ်ထားသည့်အတိုင်း အသင့်ဖြစ်နေလေသည်။ ရှောင်လင်းယွီသည် စိတ်လှုပ်ရှားလွန်းသဖြင့် ညတိုင်းလိုလို အိပ်ပျော်နိုင်ပေ။ သူ့မျက်လုံးအောက်တွင်လည်း အညိုရောင်မျက်ကွင်းများ မရှိပေ။ သူသည် စိတ်အင်အား မြင့်မားနေတော့သည်။ သူသည် ဗီဒိုထဲက ရွှေချည်ဖြင့် ချုပ်ထားသည့် မင်္ဂလာဝတ်စုံကို လဲဝတ်လိုက်၏။ ထို့နောက် အနီရောင်ကျောက်ဆံထိုးကို ပြောင်းတပ်လိုက်သည်။ စင်စစ် ကျောက်စိမ်းမင်းသားလေးကဲ့သို့ မျက်နှာလေးပင်။
“ အခုမှ ၉နာရီပဲ ရှိသေးတယ်၊ ရှေ့ကလူတွေတောင် မထွက်သေးဘူး၊ နင်က အလျင်လိုနေပြီ”
သည်နေ့ အမျိုးသမီးယွီသည် ပန်းပေါင်းစုံအဆင် ဖဲသားစကပ်နှင့် အနီရင့်ရင့်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ဆံထုံး၊ နားများနှင့် လက်ကောက်ဝတ်ဝွင် အဖိုးတန်ကျောက်များ စီခြယ်ထားသည့ ရွှေနီရောင် လက်ဝတ်ရတနာကို ဝတ်ဆင်ထားလေသည်။ အလွန်ပင် ခမ်းနားလှသည်။ သူမက အငယ်ဆုံးသားကို မျက်ရိပ်ပြလိုက်ပြီး အကြီးဆုံးကို ဆွဲထိုင်ခိုင်းလိုက်သည်။
“ နင်လေ ကလေးမဟုတ်တော့ဘူးနော်၊ နင့်ရဲ့ ဆင်ခြင်တုံတရားတွေကို မပျောက်စေနဲ့စမ်း”
သည်နေ့သည် သားဖြစ်သူ၏ ပျော်ရွှင်ဖွယ်နေ့လေးဖြစ်သော်လည်း သူမတို့ရှောင်မိသားစုမှာ အခုတော့ အုပ်ချုပ်ရေးအမတ်တစ်ယောက်၏ အိမ်တော်ဖြစ်နေလေပြီ။ လော့ဟယ်မြို့က ဘယ်သူမှ သူမတို့မိသားစုကို မကျော်လွန်နိုင်ပေ။ အပြင်လူများက သားအကြီးဆုံး၏ တက်ကြွမှုကို မြင်သွားခဲ့လျှင် အုပ်ချုပ်ရေးအမတ်အနေဖြင့် မျက်နှာပျက်ရလိမ့်မည်။
အမျိုးသမီးယွီသည် ပျော်ရွှင်နေသော်လည်း နှစ်ပေါင်းများစွာကြာပြီးမှ တမြတ်တနိုးထားခဲ့သည့် ဆန္ဒ အမှန်ဖြစ်လာသည့် အကြီးဆုံးသားထက်တော့ အများကြီး ပိုတည်ငြိမ်နေလေသည်။ နောက်ဆုံး သူမသည် အိမ်တော်၏သခင်မကြီးအနေဖြင့် ဂုဏ်သိက္ခာနှင့် ရှောင်မိသားစု၏ ဂုဏ်သတင်းကို ထိန်းသိမ်းထားချင်သေးသည်။
ВЫ ЧИТАЕТЕ
မမကြီး လက်မထပ်သေးဘူးလား
Любовные романыခေါင်းစဉ် မမကြီး ဘာလို့လက်မထပ်သေးတာလဲ သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက် ၁၂ မတိုင...
