အပိုင်း (၉၃) ချာရှန်း

3.2K 259 1
                                        

အပိုင်း (၉၃) ချာရှန်း

လော့ဟယ်မြို့က ပညာသင်ကျိုး၏စာကို လက်ခံရပြီးနောက် ယိုကျင့်က လုပ်လက်စကိစ္စများကို အလောတကြီး ပြီးစီးအောင်လုပ်လိုက်တော့သည်။ တတိယမြောက်နေ့တွင် သူမသည် ဦးလေးစုန့်၊ ချောင်အာနှင့် အသစ်ခန့်ထားသည့် လှည်းသမားကိုခေါ်ကာ အသစ်ဝယ်ထားသည့် လှည်းဖြင့် တောင်ပိုင်းသို့ သွားလိုက်တော့သည်။

နာမည်တွင်သည့်အတိုင်းပင် ချာရှန်းတွင် လက်ဖက်စိုက်ခြင်းဖြင့် အသက်မွေးကြသည်။ စုကျိုးနှင့် ဟန်ကျိုးက လက်ဖက်ခြံများနှင့်ယှဥ်လျှင် ချန်ရှန်းမှ လက်ဖက်ရွက်များကို နောက်ကျမှ ခူးကြသည်။ ဒါသည် သာယာသည့်နေ့နှင့် မိုးရွာသည့်နေ့လို ခြားနေလေသည်။

ယိုကျင့်သည် နွေးဦးလက်ဖက်များဖူးစ,အချိန် ၂လပိုင်းက ချာရှန်းသို့ အလည်အပတ် ရောက်ခဲ့ပြီး ဖြစ်သည်။ သင့်တော်သည် တောင်ပေါ်ဒေသလက်ဖက်ကို ဝယ်ရန် မဖြစ်နိုင်ခဲ့ချေ။ ထို့အပြင် လူအများသုက လက်ဖက်ကို ကိုယ်တိုင်စိုက်ပျိုးကြသည်။ အရေးပေါ် ငွေလိုသည့်အချိန်မှလွဲလျှင် သူတို့သည် မိသားစုတစ်ခုလုံး အသက်ရှင်နေရန် မှီခိုအားထားရသည့် လက်ဖက်ခြံကို ရောင်းချဖို့ မစဥ်းစားကြပေ။ ထို့ကြောင့် ယိုကျင့်က ချာရှန်းတွင် ဆယ်ရက်ကျော်နေခဲ့သော်လည်း သင့်တော်သည့် လက်ဖက်ခြံတစ်ခြံပင် ရှာမတွေ့ခဲ့ခြင်းပင်။ ထို့ကြောင့် သူမ၏အစီအစဥ်ကို ပြောင်းလိုက်ရတော့သည်။ ပညာသင်ကျိုးအား ချာရှန်းအနီးတွင် လက်ဖက်စိုက်ခင်းတစ်ခုအတွက် သင့်တော်သည့် တောင်ကုန်းတစ်ခုကို ရှာခိုင်းကာ အတွေ့အကြုံရင့် လက်ဖက်စိုက်တောင်သူတချို့ကို ရှာဖွေပေးဖို့ တောင်းဆိုလိုက်ရသည်။ သူမသည် ချာရှန်းတွင် စုမိသားစု လက်ဖက်ခြံတစ်ခု တည်ချင်ခဲ့လေသည်။

ပညာသင်ကျိုးသည် ကျောင်းတော်သားတစ်ယောက် ဖြစ်သော်လည်း သူ့အရည်အချင်းက ထုန်ရှန့်အဆင့်တွင်သာ ရှိကြောင်း သိလေသည်။ ထုန်ရှန့် ဝင်ခွင့်စာမေးပွဲ အောင်မြင်သွားပြီးနောက်တွင် သူသည် စာလေ့လာခြင်းကို ဆက်မလုပ်တော့ချေ။ သူသည် ချာရှန်းဒေသတွင် အသေးစား စီးပွားရေးလုပ်ငန်းတချို့ လုပ်လိုက်ပြီး အဆက်အသွယ်များစွာ ရလာခဲ့သည်။ ယိုကျင့် သူ့ကို အပ်ထားသည့် အလုပ်များကလည်း မြန်မြန်ဆန်ဆန် ပြီးမြောက်သွားတော့သည်။

မမကြီး လက်မထပ်သေးဘူးလားWhere stories live. Discover now