💗1💗

607 44 2
                                    

"ကိုကို့ကိုသည်းခံလာခဲ့တာကြာပြီ အခုတော့ရှင်းရှင်းလင်းလင်းသိရမှဖြစ်တော့မယ်
ကျွန်တော်လား သူတို့လား ????
ကိုကို တစ်ခုတော့ရွေးရမယ် အခုပြော"

ဧည့်ခန်းလေးထဲမှာ ဆောင်းဟွန်းရဲ့အသံထွက်ပေါ်လာပြီးနောက် အပ်ကျသံကြားရလောက်အောင်ပင် တိတ်ဆိတ်သွားသည်.....

ဟီဆွန်းသည် တံခါးဝတွင် မတ်တပ်ရပ်လျက်ပင် သူ့ကိုပြောနေတဲ့ဆောင်းဟွန်းကိုကြောင်တောင်တောင်လေးကြည့်နေသည်.....

ဆောင်းဟွန်းရဲ့အခုလိုပုံစံကိုတစ်ခါမှမမြင်ဖူးတဲ့အတွက်သူအတော်လေးအံ့သြနေပုံရသည်.....

"ကိုကိုကအမြဲတမ်းကျွန်တော့်ဘက်ကိုထည့်မတွေးပေးဘူး ကိုကို့အတွက်ကျွန်တော်က သူတို့နဲ့ယှဥ်ရင် ဘယ်တော့မှဦးစားပေးမဖြစ်ခဲ့ဘူးမဟုတ်လား...."

ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းပဲတဲ့

ကိုကို့ရဲ့အဖြေကသူထင်သလိုဖြစ်လာမှာမဟုတ်မှန်းသိရဲ့သားနဲ့ မျှော်လင့်ချက်တွေထားနေသေးတဲ့ ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်မိတော့သည်~~~

"ကောင်းပြီလေ ကိုကို့ရွေးချယ်မှုမှန်ကန်ပါစေ ကျွန်တော်တို့နောက်ထပ်မတွေ့ကြရင်ကောင်းမယ်"

ဆောင်းဟွန်းသည် အလိုက်ကန်းဆိုးမသိကျဆင်းလာသော မျက်ရည်တွေကိုလက်နဲ့ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်ပြီး ကြိုတင်ထုတ်ပိုးထားပြီးဖြစ်သောသူ၏ပစ္စည်းများကိုယူကာ ဟီဆွန်းကိုတွန်းတိုက်ပြီး ထွက်ခွာသွားချိန်အထိ ဟီဆွန်းတစ်ယောက်စိတ်နှင့်လူမကပ်သေးပေ....

ဆောင်းဟွန်းဘာကြောင့်စိတ်ဆိုးနေတာလဲ
သူ့ကိုဘာကြောင့်ထားခဲ့တာလဲဆိုတာ သူ့ဦးနှောက်ကချက်ချင်းတွေးခေါ်နိုင်ဖို့ ဉာဏ်မမှီတာကြောင့် အချိန်အတော်ကြာအောင်စဥ်းစားယူနေရသည်.....

သူအခုမှ ရှန့်ဟိုင်ကပြန်ရောက်တာဖြစ်ပြီး တစ်ပတ်ကြာအောင်ဆောင်းဟွန်းကိုပစ်ထားမိသလိုဖြစ်သွားတဲ့အတွက် တောင်းပန်ရင်း သူ့အတွက်ဝယ်လာတဲ့လက်ဆောင်လေးပေးကာ နှစ်ကိုယ်တူချစ်ကြည်နူးတစ်တီတူးရ
မယ့်အချိန်ကိုတစ်လမ်းလုံးစိတ်ကူးယဥ်
လာခဲ့တာမို့ ~~~~

"ဆောင်းဟွန်းနီးကဘာကိုစိတ်ဆိုးသွားတာပါ
လိမ့်   ????"

TBC~~~

အရမ်းတိုပါတယ်😁

KO KO, You must choose!! Me or others???Where stories live. Discover now