💗6💗

343 35 0
                                    

"ဘာလာလုပ်တာလဲ"

ဆောင်းဟွန်းက လေသံခပ်ဆတ်ဆတ်ဖြင့်မေးလိုက်သည် စိတ်ကသိပ်ကြည်နေတာမဟုတ်...ချက်ချင်းလာမချော့လို့ ရင်ထဲမှာဒူးရင်းသီးတွေသီးနေတာ....

"ဟမ်......ဟွန်းနီးကိုလာချော့တာလေ "

ဟီဆွန်းခမျာ ဆောင်းဟွန်းကို​ငေးနေရင်းကနေ လူမိသွားသလိုလန့်ဖျပ်သွားရသည်....

တကယ်ပါ  သူ့ရည်းစားလေးက ဘယ်အချိန်
ကြည့်ကြည့် ချောနေတာမို့ မငေးပဲမနေနိုင်ပေ....

"အခုမှဘာလာလုပ်တာလဲ ပြန်တော့"

ဆောင်းဟွန်းက အိမ်ထဲပြန်ဝင်သွားတာကြောင့် ဟီဆွန်းမှာ စေ့ထားခဲ့တဲ့တံခါးကိုတွန်းဖွင့်ကာဝင်လိုက်လာခဲ့သည်......

"ကိုယ်မှားတာကိုယ်သိပါပြီ ဟွန်းနီးရယ် ကိုယ့်ကိုခွင့်လွှတ်ပေးပါနော် ကိုယ်နောက်တစ်ခါဘယ်တော့မှ သူများခေါ်တိုင်းမလိုက်သွားတော့ပါဘူး ကတိပေးပါတယ် "

ဟီဆွန်းကလက်ထဲကပန်းစည်းကို ဆောင်းဟွန်းဆီထိုးပေးရင်း တရစပ်ပြောနေသည်

"ပန်းက ဘာလုပ်တာလဲ"

"ကျူးလစ်အဖြူတွေက ခွင့်လွှတ်ပေးပါ တဲ့ ဟွန်းနီးကကိုယ့်ကိုတစ်ခါလောက်ပဲဖြစ်ဖြစ်ခွင့်လွှတ်ပေးလို့မရဘူးလားဟင်"

ဒီလိုမျက်နှာငယ်လေးလုပ်ပြနေတော့ ဆောင်းဟွန်းရဲ့ရေခဲနှလုံးသားကအရည်ပျော်ရပြီပေါ့

ပတ်ဆောင်းဟွန်း ဒီလောက်နဲ့စိတ်ပျော့သွားလို့မရဘူး  ပြန်တင်းထားစမ်း~~~

"အီဟီဆွန်း ခင်ဗျားသေချာပြန်စဥ်းစားကြည့် ကျွန်တော့်ကို စကားလေးတစ်ခွန်းလောက်​နဲ့ထားခဲ့ပြီးရှန့်ဟိုင်ကို၁ပတ်တောင်လိုက်သွားတာလေ ကြားထဲမှာ ဖုန်းတောင်တစ်ချက်ဆက်ခဲ့လို့လား
ကျွန်တော့်နေရာမှာ တခြားသူဆိုလည်းစိတ်ဆိုးမှာပဲ ပြီးတော့ကျွန်တော်တို့စတွဲတည်းက Dateတယ်ဆိုရင်တောင် ဖုန်းခေါ်တာနဲ့ ဂျေးကဘာဖြစ်လို့ ဂျိတ်ကဘာဖြစ်လို့ ဟိုသူငယ်ချင်းကခေါ်လို့ ဒီသူငယ်ချင်းနေမကောင်းလို့နဲ့ အမြဲတမ်းအကြောင်းပြချက်တွေနဲ့ ထားခဲ့ခံရတာချည်းပဲတကယ်ပဲသူငယ်ချင်းကပိုအရေးကြီးတယ်ဆို ဒီမှာပဲလမ်းခွဲကြမယ် တစ်ချိန်လုံးသည်းခံလာခဲ့တာ ဒီထက်ပိုပြီးသည်းမခံနိုင်တော့ဘူး"

KO KO, You must choose!! Me or others???Where stories live. Discover now