💗10💗

277 26 0
                                    

ပိတ်ရက်ကုန်ဆုံးခဲ့ပြီမို့ကျောင်းဝန်းထဲမှာ ထုံးစံအတိုင်းကျောင်းသူကျောင်းသားတွေ
တရုံးရုံးနဲ့ပါပဲ~~~

ပိုသွားတာကတော့ ခွဲခွာနေရတဲ့အတွဲတွေပြန်လည်ဆုံဆည်းကြပြီး Romanticဆန်တဲ့အခိုက်အတန့်လေးတွေဖန်တီးနေကြတာပဲ

canteenလား cafeလား ပန်းခြံလား နောက်ဆုံး libraryတောင်မကျန် အလွမ်းသယ်နေကြတဲ့စုံတွဲတွေချည်းပဲ~~~

ဟီဆွန်းတို့အဖွဲ့ထဲမှာလည်း အားလုံးကအဆင်ပြေပြေပါပဲ

ဂျေးကလည်း ဂျောင်ဝန်းနဲ့သာယာနေသလို ဆောနူနဲ့နီခီကလည်း တပူးတွဲတွဲပါပဲ

Kနဲ့အွီဂျူလည်းတွဲနေကြပြီဖြစ်သလို ဆူဘင်းတောင် သူတို့မေဂျာကယွန်ဂျွန်းဆိုတဲ့တစ်ယောက်နဲ့ Dateနေပြီဖြစ်သည်~~~

နာမည်ကြီးဘင်း၂ဘင်းစုံတွဲရဲ့ အရိုတလိုင်းcouple photoတွေကလည်း ကျောင်းpageမှာမမြင်ချင်မှအဆုံး~~~~

တစ်ကျောင်းလုံးမှာ ဘူနေတာ ဟီဆွန်းနဲ့ဂျိတ်ပဲရှိတယ်~~~

ဟီဆွန်းကပြန်လည်သုံးသပ်ခြင်းကာလရောက်နေလို့ဘူနေတာဖြစ်ပြီး ဂျိတ်ကတော့ crushနေတဲ့ကောင်မလေးရည်းစားရသွားလို့ အသည်းကွဲနေတာဖြစ်သည်......

"ဟီဆွန်း မင်းဘာဆက်လုပ်မှာလဲ"

"ဘာလုပ်ရမှာလဲကွာ ဟိုကသူတို့relationshipကိုပြန်စဥ်းစားကြည့်ဦးမယ်ဆိုမှတော့ စောင့်ပေါ့ ဒါပဲရှိတာပဲ"

"ငါတို့ကြောင့်ဖြစ်သွားတာဆိုလည်း သူ့ကိုသွားပြီး​ရှင်းပြလိုက်ရမလား"

"မဟုတ်ဘူး K~~ ပြဿနာကမင်းထင်သလောက်မရိုးရှင်းဘူး အဲ့လိုသာဆိုငါတို့အားလုံးတောင်းပန်တာတောင်မလောက်ဘူး အဓိကက ဟီဆွန်းကိုငါတို့နဲ့ပေါင်းတာမကြိုက်တာပဲ"

ဒါကဂျိတ်ရဲ့ယူဆချက်.......

"သူကသူငယ်ချင်းမရှိတော့ ငါတို့ကိုမနာလိုနေတာရောမဖြစ်နိုင်ဘူးလား"

"သူကပတ်ဆောင်းဟွန်းလေ ရေခဲမင်းသား သူငယ်ချင်းမရှိလည်းတစ်ယောက်တည်းနေနိုင်တယ် ဟီဆွန်း မင်းကရော ငါတို့မရှိပဲနေနိုင်လို့လား"

ဂျေးကလည်း တစ်ခွန်းတည်းနှင့်မေးခွန်းသတ်သည်.....

"ဟျောင်းတို့ကလည်း သူငယ်ချင်းကိုကူညီမယ်မရှိဘူး ဘာတွေလျှောက်မေးနေတာလဲ တစ်ခုခုဆိုအမြဲတမ်းဟီဆွန်းဟျောင်းကိုရှာနေကြတာတွေရပ်ကြပါတော့  ဆောင်းဟွန်းဟျောင်းကိုကြည့်မရတာနဲ့ပဲ ဒီလိုတွေလုပ်နေတာကမဖြစ်သင့်ဘူးလေ ဟျောင်းတို့ဘက်ကတစ်ထစ်လျှော့လိုက်ရင် အဆင်ပြေသွားမှာကို......"

KO KO, You must choose!! Me or others???Where stories live. Discover now