💗4💗

343 31 2
                                    

ဟီဆွန်းမရှိတဲ့ဆောင်းဟွန်းရဲ့တနေ့တာက ပုံမှန်လိုပါပဲ~~

မနက်စောစောအိပ်ရာထပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်တယ်

ပြီးရင် microwaveထဲမှာအပူပေးထားတဲ့နွားနို့သောက်တယ်

ပြီးတော့ ဧည့်ခန်းထဲမှာ စောစောစီးစီး dramaထိုင်ကြည့်နေတယ်

လူကသာTVကြည့်နေပေမဲ့ စိတ်ကတော့ တခြားမှာ~~~မနေ့ကသူစိတ်ဆိုးပြီးထွက်လာပေမဲ့ ဟီဆွန်းကလိုက်မချော့သလို ညနေအထိလည်းပေါ်မလာ ညကျတော့လည်းဖုန်းမဆက်~~~

သူကတော့ ဟီဆွန်းကသူ့အပြစ်သူသိလို့တောင်းပန်ပြီးလာချော့ရင် တစ်ခါတည်းလိုက်သွားရအောင်အထုပ်တွေတောင်မဖြည်ထားဘူး

တစ်ခါမှစိတ်မဆိုးဖူးတော့ ဟီဆွန်းကိုအနေအေးမှန်းသိပေမဲ့ဒီလောက်အလိုက်မသိတတ်မှန်းမသိခဲ့တာအမှန်.......

ဟီဆွန်းကိုဆောင်းဟွန်းစတွေ့ဖူးတာ ဆောနူနဲ့နီခီရဲ့ ချစ်သူသက်တမ်း၁လပြည့်ပါတီမှာဖြစ်တယ်~~

သီချင်းဆိုကြ စကားတွေပြောကြနဲ့ ဆူညံပွက်လောရိုက်နေတဲ့ Private roomထဲမှာ အေးအေးဆေးဆေးစာအုပ်ဖတ်နေနိုင်တဲ့
ဟီဆွန်းကိုဆောင်းဟွန်းတကယ်ကြီးအံ့သြ
မိသွားရာကနေစတင်သတိထားမိသွားခဲ့တာပင်~~~

ဆောင်းဟွန်းကိုယ်တိုင်ကလည်း ဆူဆူညံညံတွေမကြိုက်တာကြောင့်ပါတီတလျှောက်လုံးမျက်စိအေးနားအေးတဲ့ ဟီဆွန်းကိုပဲ
ထိုင်ကြည့်နေခဲ့တာ...

ကျောင်းမှာတွေ့ဖူးလောက်မလားမသိပေမဲ့သေချာကြည့်မိတော့ ဟီဆွန်းက စာကြမ်းပိုးဆိုပေမဲ့ တော်တော်လေးချောသည်~~
အမြဲတမ်းတပ်ထားတတ်တဲ့ မျက်မှန်ကလည်း သူ့ကိုပိုပြီးခန့်ညားစေသည်~~~

စာကိုသေချာအာရုံစူးစိုက်နေတဲ့ပုံစံက ဆောင်းဟွန်းမျက်လုံးထဲမှာကြည့်အကောင်းဆုံးဖြစ်နေခဲ့သည်~~~

ဟီဆွန်းနဲ့တွဲဖို့ဆုံးဖြတ်ခဲ့တုန်းကဆောင်းဟွန်းက သူတို့၂ယောက်အတော်လေးအဆင်ပြေမယ်လို့တွေးခဲ့တာဖြစ်သည်~~~

စာတော် ရုပ်ချောပြီး တစ်ခါတစ်ခါ ထထroတတ်တဲ့ ဟီဆွန်းက အားလုံးပြီးပြည့်စုံနေပေမဲ့ သူ့မှာအားနည်းချက်တစ်ခုတော့ရှိနေသေးသည်~~~

*tin tong****

"ဘယ်သူလဲ"

"နီခီထင်တယ်"

ဆောနူက မနက်စာပြင်နေရာကနေ ကပျာကယာပြေးထွက်သွားပြီး တံခါး​ဖွင့်ပေးသည်~~~

"မောနင်း ဆောနူဟျောင်း မွ  မွ "

"ဟာ နီခီကလည်း ဟိုမှာဆောင်းဟွန်းနီးဟျောင်းရှိတယ်လေ"

နီခီက ပါးကိုလှမ်းနမ်းတော့ ဆောနူက မျက်နှာလေးရဲသွားပြီး ဆောင်းဟွန််းရှိကြောင်းသတိပေးသည်

"ငါဘာမှမမြင်ဘူး လုပ်စရာရှိတာဆက်လုပ်ကြ"

ဆောင်းဟွန်းက ပြန်ပြောပြီး မသိချင်ယောင်ဆောင်ကာ ဆောနူလုပ်ပေးထားတဲ့ ထမင်းကြော်ကိုစားနေလိုက်သည်~~~

ဒီလောက်တော့ သူလည်းလူမှုရေးနားလည်ပါတယ်နော် ဟွန့်....

အခုခေတ်ကလေးတွေများလွယ်မနေဘူး~~~

"ဒီမှာ ဆောနူဟျောင်းအတွက် mint choco ပြီးတော့ဆောင်းဟွန်းနီးဟျောင်းအတွက် tiramisu လိုတာရှိရင်ကျွန်တော့်ကိုမှာလိုက်နော် ဝယ်ပြီးလာပို့ပေးမယ်"

နီခီကကျောင်းဆောင်နဲ့ဒီကိုတစ်နေ့ဘယ်နှခေါက်အသွားအပြန်လုပ်နေလဲမသိပေမဲ့ဒီလိုအလိုက်သိတတ်တဲ့ ယောက်ဖရထားတာလည်းမဆိုးပါဘူးလေ.....

"ကျေးဇူး......ဒါနဲ့ မင်းတစ်ယောက်တည်းလာတာရောဟုတ်ရဲ့လား"

ဆောင်းဟွန်းမေးလိုက်တော့ နီခီက အံ့သြတကြီးသူ့ကိုကြည့်သည်

"ဝါး.....ဆောင်းဟွန်းနီးဟျောင်း အကြားအမြင်ရနေတာများလား ကျွန်တော်နဲ့ဆူဘင်းနီးဟျောင်းနဲ့အတူတူလာတာလေ သူကအောက်ထပ်မှာကျန်နေခဲ့တာ"

ဆောင်းဟွန်းက ဟီဆွန်းများပါလာသလားအထင်နဲ့မေးလိုက်တာပေမဲ့ နီခီရဲ့အဖြေကြောင့် စိတ်ဓာတ်ကျသွားရသည်~~~

ကြည့်ရတာ ကိုကိုက သူ့ကိုအပျော်တွဲခဲ့တာထင်ပါရဲ့~~~~

       °~°~°~°~°~°~°~°~°~°~°~°~°~°~






KO KO, You must choose!! Me or others???Where stories live. Discover now