💗3💗

353 42 5
                                    

"မင်းဘာကိုစောင့်နေတာလဲ မြန်မြန်သွားချော့လိုက်တော့လေ တော်ကြာ ကြာနေလို့ပိုကောက်သွားဦးမယ်"

ဂျိတ်က တီဗီမှာလာနေတဲ့ဟာသရှိုးကိုကြည့်နေရင်း ဟီဆွန်းကိုတိုက်တွန်းနေသည်

"နေပါဦး ငါအခုထိ သူဘာကိုစိတ်ဆိုးသွားတာလဲ ဆိုတာ အခုထိမသိသေးဘူးကွ"

ဟီဆွန်းရဲ့စကားကြောင့် ဂျေးက စားလက်စအာလူးကြော်ဘူးကို ပစ်ချကာ ဟီဆွန်းခေါင်းကိုတစ်ချက်ပိတ်တီးပစ်လိုက်သည်

"ဒီလောက်တောင်ပိန်းရလား မင်းရှန့်ဟိုင်လိုက်သွားပြီး သူ့ကိုပစ်ထားခဲ့တာလေ ဒီကိစ္စပဲရှိမှာပေါ့"

" ငါလိုက်သွားရမလားဆိုတုန်းက ဟွန်းနီးက *အင်း*ဆိုပြီးသေချာပြောခဲ့တာကွ ငါနားကြားမမှားပါဘူး"

"အဲ့ဒီ့ *အင်း*ဆိုတာ ထောင်ချောက်ကွ ငါမိဖူးတယ် ငါ့သူငယ်ချင်းတွေညလုံးပေါက်ပါတီခေါ်လို့ ဝန်းနီးကိုလိုက်သွားရမလားဆိုတော့ သူက *အင်း*ဆိုလို့လိုက်သွားတာကွာ ငါလည်းစိတ်လွတ်ကိုယ်လွတ်ပျော်ပစ်လိုက်တာပေါ့ နောက်နေ့လည်းကျရော ငါ့ကို ၄ရက်တောင်စိတ်ကောက်သွားတယ်ကွာ မေးလို့လည်းမရဘူး မနည်းချော့ရတယ် မှတ်ထား *အင်း*ဆိုတာ *ဟင့်အင်း*ကို အလိမ္မာနည်းနဲ့ပြောတာ~~~"

ဂျေးက သူ့အတွေ့အကြုံတွေကို အားရပါးရဖောက်သည်ချနေသည်.....

သေချာစဥ်းစားကြည့်မှ အဲ့တုန်းက ဟွန်းနီးရဲ့မျက်နှာက တစ်မျိုးဖြစ်နေတယ်လို့တော့ထင်မိသား~~~
သူကိုကလူကဲခတ်ညံ့တာကိုး....

"သူနဲ့ငါစတွဲကတည်းက ငါဘာလုပ်လုပ်သူ့ကိုအမြဲပြောပြီးမှ လုပ်တာ သူလည်းဘာမှမပြောခဲ့ပဲနဲ့အကုန်ခွင့်ပြုခဲ့တာပဲ အခုမှဘာထဖြစ်တာလဲမသိတော့ဘူး အိမ်ပြန်ရောက်ရောက်ချင်းကွာ အဝင်မှာတင် သူတို့လား ကျွန်တော်လား ရွေးဆိုပြီး မေးတာကွ သူဘာမေးမှန်းငါစဥ်းစားနေတုန်း သူမရှိတော့ဘူး.....အဲ့တာ ငါကသူ့ကိုဘယ်လိုသွားချော့ရမှာလဲ တစ်ခါမှလည်း ခုလိုမဖြစ်ဖူးဘူးလေကွာ"

ဟီဆွန်းကဆောင်းဟွန်း၏ပထမဆုံးစိတ်ကောက်ခြင်းအတွက် အတော်လေးခံစားနေရပုံပေါ်သည်

"အဲ့တာဆိုသူဘာကိုစိတ်ဆိုးသွားတာလဲ???"

သူတို့၃ယောက် မျက်စိ၆လုံး ဦးနှောက်၃ခု ဘီယာ နှစ်ဖာကုန်သွားတာတောင်အဖြေထွက်မလာပေ......

နောက်ဆုံးတော့ တီဗီဖွင့်လျက်သားနှင့် သုံးယောက်လုံးကြမ်းပေါ်မှာလဲကျကုန်ရော...

ဂျိတ်က သီချင်းလိုင်းထပြောင်းလိုက်တော့ အဆွေးသီချင်းတွေလာနေသည်~~

"​ဟီဆွန်း မင်းဆောင်းဟွန်းကိုသွားပြန်မချော့နဲ့တော့ ဒီတိုင်းပစ်ထားလိုက်"

"ဟမ်......ဘာ ဘာဖြစ်တယ် "

"ဟုတ်တယ် ဂျေးပြောတာငါလည်းထောက်ခံတယ် မင်းနဲ့သူနဲ့ပြန်တည့်သွားရင် သူကဒီမှာပြန်လာနေမှာလေ အဲ့တာဆိုငါတို့မင်းအိမ်ကိုဒီလိုဝင်ထွက်လို့ဘယ်ရတော့မလဲ မင်းဆိုတာလည်း သူ့မျက်နှာနည်းနည်းလေးညှိုးရင်ကို ဟွန်းနီးသဘော ဟွန်းနီးသဘောနဲ့ မင်းငါတို့ထက်သူ့ကိုပိုချစ်တယ်ပေါ့ ဟုတ်လား....."

"ဟွန်းနီးနဲ့မင်းတို့နဲ့က..........နေဦး ငါသူပြောတာ သဘောပေါက်ပြီကွ"

*အား.....*

ဟီဆွန်းအားရဝမ်းသာနဲ့ကုန်းထလိုက်တာ ဂျေးမျက်နှာကို တံတောင်နဲ့တွတ်မိသွားသည်

"ငါမြန်မြန်သွားရမယ်"

"ဘယ်ကိုလဲ"

"ဟွန်းနီးကိုသွားချော့ရမယ်လေ"

"သူဘယ်မှာရှိလဲ မင်းသိလို့လား"

"အရင်အိမ်မှာပဲနေမှာပေါ့"

"ဒီအချိန်ကြီးလား....."

ဂျိတ်က နာရီကိုလက်ညှိုးထိုးပြသည်

မနက်၂နာရီ~~~

"ဒီပုံစံနဲ့သွားရင် ဟိုကမင်းကို ဆယ်ခါပြန်ဖြတ်သွားလိမ့်မယ်"

ဂျေးကသူ့ကိုလက်ညှိုးထိုးရင်းပြောသည်

တကိုယ်လုံးအရက်စော်နံနေပြီးရှုပ်ပွပွညှင်းသိုးသိုးရုပ်နဲ့ဆို အသန့်ကြိုက်တဲ့သူ့ကလေးလေးကတကယ်ကန်ထုတ်လိမ့်မည်~~~

"အေးအေးဆေးဆေး မနက်မှသွားစမ်းပါကွာ ငါတို့လည်းလိုက်ပေးမှာပေါ့ "

ဂျေးနဲ့ဂျိတ်ကပြန်ဆွဲထာတာကြောင့် ဟီဆွန်းခမျာဒီညတော့ ဆောင်းဟွန်းနဲ့တမြေတည်းနေပြီးထပ်ဝေးရပြန်ပြီ~~~~

TBC~~~

စိတ်ကူးပေါက်တာတွေထရေးတာကိုဖတ်ပေးကြတဲ့သူတွေအားလုံးကျေးဇူးပါ😘😘

KO KO, You must choose!! Me or others???Where stories live. Discover now