💗5💗

314 32 0
                                    

"ဟေ့ကောင်တွေ မင်းတို့မြန်မြန်လုပ်ကြလေ ၈နာရီတောင်ခွဲပြီးနေပြီဟ"

ဟီဆွန်းက အဝတ်လဲနေတဲ့၂ကောင်ကိုဧည့်ခန်းထဲမှာထိုင်စောင့်နေရသည်

"ပြီးပါပြီ မင်းကလည်း နည်းနည်းလေးစောင့်ရတာကို "

"အေးလေ "

ဒီမှာပဲအိပ်ကြတာမို့လို့ လဲထားတဲ့အဝတ်အစားတွေကလည်း သေချာပေါက် ဟီဆွန်းရဲ့အင်္ကျီတွေပဲဖြစ်သည်......
ဟွန်းနီးသာတွေ့ရင်တော့ ကျိန်းသေပေါက်စိတ်ဆိုးဦးမယ်.......

ဆောင်းဟွန်းက ကိုယ့်ပစ္စည်းကိုသူများနဲ့မျှသုံးရတာမျိုးမကြိုက်......ဟီဆွန်းဖြစ်နေရင်တောင်မရ ကိုယ့်အကန့်နဲ့ကိုယ်သီးသန့်သုံးတာမျိုးမှ သဘောကျသည်.....

ဆောင်းဟွန်းနဲ့ ဟီဆွန်းကအပြင်ပန်းကြည့်လျှင် အတော်များများဆင်တူတယ်ထင်ရပေမဲ့ တကယ်တမ်းကျတော့ သူတို့၂ယောက်ကအတော်လေးကွဲပြားကြသည်.......

လူတိုင်းနဲ့လိုက်လျောညီထွေပေါင်းတတ်ပေမဲ့ သူငယ်ချင်းမထားပဲ ခပ်အေးအေးနေတတ်တဲ့ ဆောင်းဟွန်းနဲ့ ရေခဲတုံးအဖေခေါ်လောက်အောင် အေးပေမဲ့ သူငယ်ချင်းတွေနဲ့ဆိုဘာဖြစ်ဖြစ်အကုန်လုပ်ပေးတတ်တဲ့ ဝေဿန္တရာအလောင်းလျာ ဟီဆွန်းတို့က ပစိဖိတ်နဲ့​အတ္တလန္တိတ်လိုပင်~~~

"နာရီကိုကြည့်စမ်း မင်းတို့ထတာ ၈နာရီလေ အခုလောက်ဆို ဟွန်းနီးကငါ့ကိုစောင့်ရင်စောင့်နေလောက်မှာ"

"နေဦးလေ ငါတို့ဘာမှမစားရသေးဘူး တစ်ခုခုစားပြီးမှသွားရအောင်"

"ချော့တာကနောက်မှ အစားအသောက်ကအရေးကြီးတယ် မင်းဘာမှမစားသွားရင် ဟိုကစိတ်ဆိုးနေတော့ ကျွေးမှာမဟုတ်ဘူး မင်းပဲငတ်မှာ"

နောက်ဆုံးတော့ ရည်းစားကိုအရင်မချော့ရပဲ သူတို့ကိုအရင်ကျွေးမွေးဒါနပြုနေရသည်.....

"မြန်မြန်စားကြကွာ ဒီမှာ ၉နာရီတောင်ထိုးပြီးပြီ"

"ဘယ်လိုဖြစ်လို့ လောနေတာလဲ ဖြည်းဖြည်းပေါ့"

ဂျေးက Coffeeကိုအရသာခံသောက်နေရင်းပြောသည်

"အေးလေ ဆောင်းဟွန်းကထွက်ပြေးမှာမှမဟုတ်တာ"

KO KO, You must choose!! Me or others???Where stories live. Discover now