💗9💗

279 28 0
                                    

အထူးကုဆေးရုံကြီးရဲ့ခွဲစိတ်ခန်းရှေ့မှာ
ဟီဆွန်းတစ်ယောက်ထိုင်စောင့်နေရတာ
ညတည်းကဖြစ်သည်......

ညသန်းခေါင်လောက်မှာ သူ့ဆီကိုဖုန်းဝင်လာပြီး အွီဂျူရဲ့အဖွားရုတ်တရက် အမောဖောက်လို့အွီဂျူ့ဆီဖုန်းဆက်တာမရလို့သူ့ဆီကိုခေါ်လိုက်တာဖြစ်ကြောင်း သူနာပြုဆရာမလေးကပြောတာကြောင့် သူချက်ချင်းဆေးရုံကိုသွားရတော့သည်

အွီဂျူကမေဂျာသုတေသနခရီးကိုလိုက်သွားတာကြောင့် ဆက်သွယ်လို့မရတာဖြစ်သည်

တော်သေးသည် လိုလိုမယ်မယ်သူ့ဖုန်းနံပါတ်ပါပေးထားမိပေလို့~~

ဟိုနှစ်ကောင်ကို ဖုန်းဆက်ပေမဲ့ ဂျေးကစက်ပိတ်ထားပြီး ဂျိတ်ကဖုန်းမကိုင်......

အရေးအကြောင်းဆို အားကိုးရတဲ့သူငယ်ချင်းတွေပေါ့.........

အရေးပေါ်ခွဲစိတ်ဖို့ လူနာရှင်လက်မှတ်လိုတာကြောင့် သူပဲအွီဂျူကိုယ်စားလက်မှတ်ထိုးပေးလိုက်သည်

အွီဂျူမှာရင်းနှီးးတဲ့သူဆိုလို့ သူတို့ကလွဲပြီးမရှိတာကြောင့် ဟီဆွန်းကသူငယ်ချင်းကောင်းပီသစွာနဲ့ အွီဂျူပြန်မလာခင်အထိဆေးရုံစောင့်ပေးဖို့တာဝန်ယူလိုက်သည်......

ဒါပေမဲ့ ဒါတွေကိုဆောင်းဟွန်းနီးကနား
လည်နိုင်ပါ့မလား.......

ဟီဆွန်းကဆောင်းဟွန်းကိုဘယ်လောက်ပဲဦးစားပေးမယ်လို့ကတိတွေပေးထားလည်း သူ့မှာမျက်နှာလွှဲလို့မရတဲ့တာဝန်တွေဝတ္တရားတွေကရှိနေသေးသည်......

***ဟွန်းနီး ကိုယ်အွီဂျူ့အဖွားအရေးပေါ်ခွဲစိတ်ရမှာမို့ အွီဂျူလည်းဒီမှာမရှိတာမို့လို့ဆေးရုံစောင့်ပေးမှရမှာ ဟွန်းနီးကိုယ့်ကိုဒီတစ်ခါတော့ခွင့်ပြုပေးနိုင်မယ်မလားဟင်***

နောက်ဆုံးတော့ ဆောင်းဟွန်းဆီကို စာတစ်စောင်ပို့ထားလိုက်ပြီး ဖုန်းကိုပြန်ပိတ်ထားလိုက်သည်

ဆောင်းဟွန်းနီးကသူ့ကိုနားလည်ပေးနိုင်မယ်လို့ဟီဆွန်းမျှော်လင့်မိပါသည်.......

.
.
.
.
.
.
.
.
.
.
"ဟီဆွန်းဟျောင်းတစ်ယောက်တည်းလား ဘယ်သူမှမလာကြဘူးလား လူနာရောဘယ်လိုနေသေးလဲ"

KO KO, You must choose!! Me or others???Onde as histórias ganham vida. Descobre agora