💗11💗

271 29 2
                                    

ဆောင်းဟွန်းအတန်းပြီးတာနဲ့ ဘယ်ဘက်Canteenကိုတန်းသွားလိုက်သည်

ကျောင်းရဲ့ ဘယ်ဘက်နဲ့ညာဘက်မှာ canteenတစ်ခုစီရှိတာကြောင့် ဆောင်းဟွန်းကတော့ သူတို့မေဂျာဆောင်နဲ့နီးတဲ့ canteenမှာပဲအမြဲထိုင်လေ့ရှိသည်

ဒီရက်ထဲများသောအားဖြင့်သူတစ်ယောက်တည်းဖြစ်နေတာမို့လို့ အထီးမကျန်ဘူးပြောရင်လိမ်ရာကျမည်

အရင်လိုcanteenမှာလာစောင့်တတ်တဲ့သူမရှိတော့ ထမင်းတွေဟင်းတွေကလည်းအရသာမရှိသလိုပင်.....

စာတွေနားမလည်ရင်ရှင်းပြပေးမဲ့သူလည်းမရှိသလို ညအိပ်ရင်နွေးထွေးစေမယ့်ရင်ခွင်ကျယ်လည်းမရှိပေ

ဒီလိုအခြေအနေမျိုးရောက်အောင် သူကိုယ်တိုင်ဖန်တီးထားတာဆိုတော့ သူ့အပြစ်နဲ့သူပဲပေါ့

အမှန်တော့ ဆောင်းဟွန်းကဟီဆွန်းကိုစိတ်မဆိုးတော့ပါ....

ဆောနူပြောပြလို့အားလုံးကိုသိပြီးသွားခဲ့ပြီဖြစ်သည်....

သူစဥ်းစားနေတာက သူ့ရဲ့အပြုအမူတွေကြောင့် ဟီဆွန်းကကြာရင်သူ့ကိုစိတ်ကုန်သွားမလားဆိုတာပင်~~

ဆောင်းဟွန်းကငယ်ငယ်ကသူငယ်ချင်းထားဖူးပေမဲ့ သူ့အနားကပ်လာသူတွေက သာပေါင်းညာစားတွေပဲမလို့ နောက်တော့ တစ်ယောက်တည်းပဲနေဖြစ်တော့သည်~~
ဆောနူကလွဲရင် သူ့မှာအပေါင်းအသင်းမရှိ

သူကိုယ်တိုင်ကလည်း ဘယ်သူနဲ့မှမိတ်မဖွဲ့ချင်တော့တာလည်းပါသည်

တစ်ယောက်တည်းနေလည်းဖြစ်တယ်ဆိုတဲ့ဝါဒကိုလက်ကိုင်ထားခဲ့တဲ့ရေခဲမင်းသားလေးက အချစ်ကိုတော့မလွန်ဆန်နိုင်ခဲ့ပေ~~~

ဟီဆွန်းကသူနဲ့ပြဒါးတစ်လမ်းသံတစ်လမ်း~~

သူငယ်ချင်းတွေကိုအလွန်အရေးပေးတတ်သူဖြစ်ပြီး ဘာမဆိုကူညီပေးတတ်တာ
ကြောင့် အစပိုင်းမှာဆောင်းဟွန်းအတွက်သူ့ပုံစံကအတော်လေးထူးဆန်းနေခဲ့သည်

သူငယ်ချင်းဆိုတာဒီလိုမျိုးပါလားလို့လည်းပထမဆုံးခံစားမိခဲ့သည်~~~

ဟီဆွန်းတို့ကိုကြည့်ပြီး သူလည်းသူငယ်ချင်းလိုချင်ခဲ့ပေမဲ့ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ဟီဆွန်းကို သူတစ်ယောက်တည်းမပိုင်သလိုခံစားလာရသည်

KO KO, You must choose!! Me or others???Where stories live. Discover now