💗7💗

328 38 3
                                    

"ဟေ့ကောင်တွေ လူလည်မကျနဲ့နော် "

"ဂျိတ်ရာ မင်းဖဲကိုချလိုက်စမ်းပါ တစ်ခါမှလည်းမနိုင်ဖူးပဲနဲ့"

"ငါနိုင်ရင် အကုန်သိမ်းမှာနော်"

"မင်းနိုင်ရင် လည်ဖြတ်ခံတယ်ကွ"

"ဟား ဟား ဟား......"

ဘောမ်ဂယူးရဲ့အိမ်မှာတော့ ကျောင်းသားပေါင်းမြောက်များစွာစုဝေးရောက်ရှိနေပြီး ခြေချစရာမရှိအောင်ပြည့်နေသည်......

ကျောင်းတစ်လခွဲပိတ်ပေမဲ့ လေ့လာရေးခရီးထွက်တာရယ် ကျောင်းအဖွင့်မှာ တင်စရာ စာတမ်းတွေရှိတာရယ်ကြောင့် ပိတ်ရက်မှာအိမ်ပြန်ဖြစ်တဲ့သူကခပ်ရှားရှား.......

ဂျူနီယာလေးတွေ စာစုလုပ်နေကြသလို စီနီယာကြီးတွေကလည်း ဖဲစုရိုက်နေကြပါသည်

ကျောင်းဆောင်မှာဆို ဆရာတွေဝင်စစ်ရင်းခဏခဏမိတတ်လွန်းလို့ ခံဝန်ထိုးရပေါင်းများနေပြီမို့ အပြင်ဆောင်မှာပဲ စုဖြစ်တာများသည်

အရင်တုန်းက ဟီဆွန်းရဲ့အိမ်မှာစုနေကျဖြစ်ပြီး ဆောင်းဟွန်းပြောင်းလာတဲ့အခါမှာတော့ အခုလိုပဲကြုံရာကျပန်း အပြင်မှာနေတဲ့ ကျောင်းသားတွေဆီမှာတလှည့်စီစုဖြစ်ကြသည်

ဘယ်သူတွေဘယ်လောက်ပဲဆူညံနေပါစေ ဟီဆွန်းကတော့ စာဖတ်မပျက်ပေ....
သူကဒီလိုဆူညံသံတွေကို နားယဥ်နေပုံပေါ်သည်

"ဟီဆွန်းရေ တစ်ခါလောက်ဝင်ဆော့ကြည့်ပါလား အပျော်ပေါ့"

ဆူဘင်းကသူ့အနားရောက်လာပြီးတိုက်တွန်းနေသည်

"ငါဒါတွေဝါသနာမပါပါဘူးကွာ အိမ်မှာဆိုတစ်ယောက်တည်းမို့လိုက်လာတာ"

"ငါကြားပါတယ်  ဟိုဘဲ၂ကောင်မွှေတာ မင်းရည်းစားလေးစိတ်ဆိုးနေတယ်ဆို "

"အင်း"

"ဘင်း၂ဘင်းက ရှန့်ဟိုင်ကပြန်ရောက်ပြီး အပိုးကိုသေသွားတာပဲ ဖုန်းဆက်လို့တောင်မရဘူး"

ချွဲဆူဘင်း ဆောင်းဟန်ဘင်း ဂင်ဂယူဘင်း ၃ဘင်းပေါင်းမိရင် ဘယ်နေရာမှာမှ သူတို့ကိုနိုင်တဲ့သူမရှိ

ရုပ်ချော စာတော် အားကစားလည်းတော်ပြီးလောင်းကစားဘက်မှာပါရှယ်တော်တဲ့Triple Bin အဖွဲ့.....

KO KO, You must choose!! Me or others???Where stories live. Discover now