💗2💗

440 41 1
                                    

ဆောင်းဟွန်းသည် ပြတင်းပေါက်ဘောင်ပေါ်တွင်လက်တင်ကာ ငေးငိုင်နေသည်......

ဆည်းဆာလေခပ်နွေးနွေးက ဆောင်းဟွန်းကိုကလူကျီစယ်နေလေရဲ့.....

"ဆောင်းဟွန်းနီးဟျောင်း ကျွန်တော်ဝင်လာပြီနော်"

ဖွင့်ထားတဲ့တံခါးကို သုံးချက်လောက်ခေါက်လိုက်ပြီး ဆောနူဝင်လာတော့ ဆောင်းဟွန်းက မူပိုင်ရေခဲရိုက်မျက်ဝန်းသေတွေနဲ့လှည့်ကြည့်လာသည်

အထုပ်အပိုးတွေကိုရောက်လာခါစကအတိုင်းအခန်းလယ်မှာ စုပုံထားသည်~~~

"ဒီမှာ ဟျောင်းမှာထားတဲ့ ကိုလာနဲ့ကြက်ကြော်ရပြီ"

"ကျေးဇူး ဆောနူ"

ဆောင်းဟွန်းနီးဟျောင်းက အပြင်ပန်းကြည့်ရင်သာမန်ပေမဲ့ သူ့စိတ်ကတစ်မျိုးလေးဆန်းသည်~~~~

"ဆောင်းဟွန်းနီးဟျောင်း ဟီဆွန်းဟျောင်းနဲ့ဘာဖြစ်လာကြတာလဲ ကျွန်တော့်ကိုနည်းနည်းလောက်ပြောမပြချင်ဘူးလား"

ဆောင်းဟွန်းကကြက်ကြော်စားနေရင်းသူ့ကိုမော့ကြည့်လာသည်.....

"သူ ငါ့ကိုမချစ်ဘူး....."

ဆောင်းဟွန်းကတစ်ခွန်းပဲပြောပြီး သူ့အစားသူဆက်စားနေသည်

ဆောနူကသာ ဘာအဓိပ္ပါယ်လဲဆိုတာ စဥ်းစားခန်းဖွင့်နေရတော့သည်......

ဟီဆွန်းဟျောင်းကအရမ်းအေးပြီးစာမှစာ အချိန်ပြည့်စာပဲလုပ်နေလို့ နှစ်တစ်ထောင်ရေခဲတုံးဆိုပြီးသူငယ်ချင်းတွေစနောက်ခေါ်ကြတာခံရသူဖြစ်သည်.......

တစ်သက်မှာတစ်ခါချစ်မိတဲ့ သူကလည်း ကျောင်းတော်ရဲ့ရေခဲပန်းပွင့်အလှလေး ပတ်ဆောင်းဟွန်းဖြစ်နေလေတော့ အရပ်ကူပါလူဝိုင်းပါဖြစ်ကုန်ရော....

သူငယ်ချင်းတစ်စုကောင်းမှုနဲ့အလှလေးကိုလက်ဝယ်ပိုင်ပိုင်ရရှိပြီးသကာလ မခွဲနိုင်မခွာရက်တွေဖြစ်ပြီး နှစ်ယောက်တစ်အိမ်နေကြရာမှ အခုတော့ဘာတွေကောက်ပြီးအိမ်ပေါ်ကဆင်းလာတာလဲမသိ~~~~

မဟုတ်မှလွဲရော ဆောင်းဟွန်းနီးဟျောင်းကအချော့ခံချင်နေတာလား????

"ဟျောင်းအိမ်ပေါ်ကဆင်းလာတော့ ဟီဆွန်း
ဟျောင်းကလိုက်မချော့ဘူးလား"

"သူလား....အိမ်ဝမှာ မတ်တပ်ကြီးသေနေတာလေ"

ဆောင်းဟွန်းကဒီစကားကို ကိုလာ အမော့မပျက်ပြောလိုက်သည်....

"မှတ်ထား ဆောနူ သူငယ်ချင်းကောင်းဆိုတာ ဘယ်တော့မှချစ်သူကောင်းတစ်ယောက်ဖြစ်မလာနိုင်ဘူး အဲ့လိုလူမျိုးကိုဝေးဝေးကရှောင်....."

ဆောင်းဟွန်းပြောတာကိုနားလည်လောက်အောင် ဆောနူက IQမမြင့်ပါ......



အဲ့တော့လည်း သူ့ရည်းစားကိုပဲတိုးတိုးတိတ်တိတ်သတင်းမေးရတော့သည်

"Hello နီခီ မင်းအစ်ကိုဆီကဘာသတင်းကြားမိသေးလဲ"

"ဘာကိုလဲ ဟျောင်းရဲ့   Kဟျောင်းနဲ့မတွေ့တာတောင်၃ရက်လောက်ရှိပြီ"

"ငါပြောမယ် သေချာနားထောင်နော်......."

ပြောမယ်ဆိုကာမှ အပြင်ကိုတစ်ချက်လှမ်းကြည့်ရသေးသည်
သူများအတင်းပြောမှာမို့ ဆောင်းဟွန်းနီးဟျောင်းဂိမ်းဆော့နေတုန်း မီးဖိုချောင်ထဲမှာ ဖုန်းလာဆက်နေရတာဖြစ်သည်....

တော်ကြာကိုယ်ပြောနေတုန်းရောက်လာမှဒုက္ခ~~~

"ဆောင်းဟွန်းနီးဟျောင်းနဲ့ ဟီဆွန်းဟျောင်းအကြောင်းဘာကြားမိသေးလဲ ဆောင်းဟွန်း
နီးဟျောင်းအိမ်ပေါ်ကဆင်းလာပြီး ငါ့ဆီကိုပြန်ရောက်နေပြီ "

"ဟမ်  ဟီဆွန်းဟျောင်းကိုရီးယားကိုပြန်ရောက်နေပြီလား"

"ဘာကြီး.....ဟီဆွန်းဟျောင်းကဘယ်သွားလို့လဲ"

"လွန်ခဲ့တဲ့တစ်ပတ်လောက်က သူ့သူငယ်ချင်းတွေကိစ္စနဲ့ ရှန့်ဟိုင်ကိုလိုက်သွားတာလေ ......"

"သြော်.......ငါသိပြီ ငါသိပြီ မင်းဟီဆွန်း
ဟျောင်းဆီဖုန်းဆက်ကြည့်ပြီးရင်ငါ့ကိုပြန်ပြောနော် ကြားလား"

ဆောနူအခုမှဆောင်းဟွန်းနီးဟျောင်းပြောတဲ့စကားရဲ့အဓိပ္ပါယ်ကိုနည်းနည်းတော့နားလည်လာသယောင်ယောင်.....

"သူတို့နဲ့တော့ ခက်ရချည်သေးရဲ့~~~"

TBC~~~

KO KO, You must choose!! Me or others???Where stories live. Discover now