💗8💗

304 24 3
                                    

"ဟီဆွန်းဟျောင်း ဒီကိုရောက်နေတာပဲ စာဖတ်နေတာလား"

"အင်း ဆောနူရော ဒီကိုဘယ်လိုရောက်လာတာလဲ"

"နီခီက  စာလုပ်စရာရှိတယ်ဆိုလို့ ဒီကိုလိုက်လာတာလေ "

ဆောနူက သူငယ်ချင်းတွေနဲ့စာလုပ်နေတဲ့ နီခီကိုလက်ညှိုးထိုးပြသည်

"ဆောနူကနီခီဘယ်သွားသွားလိုက်တာပဲနော် ရည်းစားလေးကိုအဲ့လောက်တောင်စိတ်မချဖြစ်နေတာလား"

ဟီဆွန်းကမေးတော့ ဆောနူကရယ်သည်

"မဟုတ်ပါဘူး သူကငယ်သေးတော့ တော်ကြာအပေါင်းအသင်းမှားလို့တစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့ပါ ကျွန်တော်ကနည်းနည်း စိုးရိမ်လွန်တတ်တဲ့သူထဲမှာပါတယ် ပြီးတော့ သူလည်းကျွန်တော်သူ့နောက်လျှောက်လိုက်နေတာကိုသဘောကျတယ်လေ"

နီခီ့ကိုကြည့်နေတဲ့ဆောနူရဲ့မျက်ဝန်းတွေထဲမှာ အချစ်တွေအပြည့်~~
နီခီကစကြိုက်ခဲ့ပေမဲ့ ဆောနူကပိုချစ်ပေး
မယ့်သူမျိုးဖြစ်သည်.......

"ဒါနဲ့ ဆောင်းဟွန်းနီးဟျောင်းကိုသွားချော့ပြီးပြီလား တော်တော်လေးစိတ်ဆိုးနေတယ်နော်"

"အင်း........အခုတော့ စိတ်မပြေသေးဘူး နောက်ထပ်၃ရက်လာချော့မှပြေမယ်တဲ့လေ"

"ဆောင်းဟွန်းနီးဟျောင်းက တကယ်ကလေးစိတ်မပျောက်သေးဘူး ငယ်ငယ်တုန်းက သူစိတ်ဆိုးပြီဆို စိတ်ပြေရင်တောင်မှ အချော့ခံချင်လို့မူနေသေးတာ ကျွန်တော်တို့မိသားစုထဲမှာ အားလုံးက ဟျောင်းကို အလိုလိုက်ထားကြတော့ နည်းနည်းဆိုးတယ်ထင်ရပေမဲ့ ဟျောင်းကစိတ်ထားတကယ်နူးညံ့တဲ့သူပါ အရမ်းလည်းကြင်နာတတ်တယ် ဒါ့ကြောင့်ဟီဆွန်းဟျောင်းက ပိုပြီးတော့ဂရုစိုက်ပြီးချစ်ပေးပါနော်......"

"စိတ်ချပါ ဟျောင်းကတိပေးပါတယ်"

ဟီဆွန်းကဟွန်းနီးအတွက် Asakura Jo ထက်ရော ဆောနူထက်ပါ ပိုပြီးတော့ပြီးပြည့်စုံတဲ့boyfriend material typeဖြစ်အောင်အခုကစပြီးကြိုးစားတော့မှာမို့~~~
~
~
~
~
~
~
~
~
~

"ဟီဆွန်းရေ ငါတို့အောက်ထပ်မှာဘယ်သူနဲ့တွေ့လာတယ်လို့ထင်လဲ"

KO KO, You must choose!! Me or others???Where stories live. Discover now