💗12{FINAL}💗

440 40 4
                                    

"အဆောင်ပြောင်းဖို့ကူညီပေးခဲ့တဲ့အတွက် ဒီကအလှလေးကဟီဆွန်းကိုကို ကိုအများကြီးကျေးဇူးတင်ပါတယ်ရှင့် စားချင်တာရှိရင်ပြောနော် ဒီsugar mommyက black cardနဲ့ရှင်းပေးမှာ"

"အီဟန်နာ မိန်းကလေးဖြစ်ပြီးတော့ ရူးသလိုလိုပေါသလိုလိုတွေလုပ်မနေစမ်းနဲ့ ပြီးတော့ နင်ကqueenနော် အိန္ဒြေနဲ့သိက္ခာနဲ့နေစမ်းပါ"

"ဒီရက်ထဲဇာတ်ကားတွေအကြည့်များသွားလို့ နည်းနည်းကြောင်သွားတာပါ ကိုကြီးရဲ့အိပ်ရေးဝဝပြန်အိပ်လိုက်ရင်ကောင်းသွားမှာ ဟီးဟီး"

ဟီဆွန်းတော့ တကယ်အီဟန်နာကိုလက်လန်ပါသည်

ဒီတစ်ဝမ်းထဲကွဲတဲ့ညီမလေးကရုပ်ကလေးမှုန်နေအောင်ချောသလောက် ပေါတောတောကြောင်တောင်တောင်နဲ့မို့ တက္ကသိုလ်မှာတောင်မတွေ့အောင်ရှောင်နေပါတယ်ဆိုမှ မာတာမိခင်က အရှုပ်ထုပ်ကိုသူ့လက်ထဲ
တည့်တည့်လာပစ်ထည့်သွားသေးသည်

နှစ်ဝက်ရောက်မှကျောင်းဆောင်မှာမနေချင်တော့ပါဘူး တိုက်ခန်းပဲငှားနေမယ်ဆိုလို့ သူ့မှာမိန်းကလေးနေလို့သင့်တော်မယ့်တိုက်ခန်းကိုလိုက်ရှာပေးပြီး ပစ္စည်းတွေရွှေ့ပေး လိုအပ်တာတွေလိုက်လုပ်ပေးရနဲ့ဒီရက်ထဲအားတယ်ကိုမရှိ~~

"ကိုကြီးသူငယ်ချင်းတွေပြောတော့ အသည်းကွဲနေတာဆို ဆောင်းဟွန်းနီးအိုပါးနဲ့ရန်ဖြစ်ထားတာလား"

"ရန်မဖြစ်ပါဘူး ဒီအတိုင်း~~~အသည်းကကွဲမလိုလို ပြန်ဆက်မလိုလိုဖြစ်နေတာ"

"အကူအညီလိုရင် ဒီကညီမလေးရှိတယ်နော် ဘာကူညီရမလဲအားမနာနဲ့ပြောသာပြော"

"ငါ့ကိုသာကျောင်းမှာလာမခေါ်စမ်းပါနဲ့ ဒါဆိုရပြီ"

"ဒီစကားကြီးက တက္ကသိုလ်မရောက်ခင်ကတည်းကကြားလာရတာ အခါ၁၀၀၀လောက်ရှိပြီ ဘယ်လိုဖြစ်လို့အဲ့လောက်တောင်အဖြစ်သည်းနေရတာလဲ"

"ငါ့ကိုယောက်ဖလို့ဝိုင်းခေါ်ကြမှာကြောက်လို့ဟေ့ ရပြီလား"

ညီမချောချောလေးတစ်ယောက်ရှိတာ သူများတွေကတော့ မျက်နှာပွင့်မလားမသိပေမဲ့ သူကတော့ကျောင်းတည်းကသူငယ်ချင်းတွေက ယောက်ဖလို့စနောက်
ခေါ်ရင် မျက်နှာပူရသည်~~~

KO KO, You must choose!! Me or others???Where stories live. Discover now