အပိုင်း(၃)

1.3K 31 2
                                    

Unicode

မနက်မိုးလင်း ‌နေရောင်ခြည်နုနုက ခန်းစည်းလိုက်ကာပိတ်ဖို့မေ့နေသည့် ကလေးငယ်၏ မျက်နှာတွင် ဖြာကျနေတော့သည်။

" သားရေ ထတော့လေ နောက်ကျနေပြီ "

" ဟင် အင်းးးး မေမေလား ထ..ထပြီနော် "

အိပ်ယာထက်တွင် ဓာတ်ပုံတစ်ပုံအား ရင်ဘတ်ပေါ်တွင်ပိုက်ကာ အိပ်ပျော်နေသော လွန်းငယ်က မေမေ့အသံကြောင့် နိုးထလာကာ မျက်လုံးများအား သေသွယ်သော လက်များဖြင့် ပွတ်သပ်နေလေသည်။

ပြီးနောက် ထထိုင်ကာ ဓာတ်ပုံအား ကုတင်ဘေးရှိ စားပွဲပေါ်တွင် သေသေချာချာ ပြန်တင်လိုက်ကာ ဝဲတက်လာသော မျက်ရည်တို့ကို ပြန်ထိန်းချုပ်လိုက်ရသည်။

" သား အဆင်ပြေရဲ့လား သားမျက်လုံးတွေကို ကြည့်ပါဦး ငိုထားလိုက်တာများ ဖောင်းလို့ ဘာမှမဖြစ်ဘူးနော် မေမေရှိတယ် "

မေမေက လွန်းငယ်အား ရင်ခွင်ထဲ ထည့်ကာ ခေါင်းလေးအား ပွတ်သပ်ပေးလေတော့ ထိန်းချုပ်ထားသော မျက်ရည်များက အတိုင်းအဆမရှိ စီးကျလာကာ မေမေ့ရင်ခွင်ထဲတွင် ရှိုက်ငိုရှာတော့သည်။

" အင်း ဟုတ်တယ် ငိုလိုက် မေမေ့သားလိုက် ငိုချပစ်လိုက် ပြီးရင်တော့ ထပ်မငိုရတော့ဘူးနော် "

နှစ်သိမ့်စကားဆိုကာ လွန်းကျောပြင်အား ပွတ်သပ်ပေးမိသည်။လွန်းတို့အား တံခါးအပြင်ဘက်မှ ခိုးကြည့်နေသူရှိသည်။

" လာ သားထ မျက်နှာသစ်ချည် ပြီးရင် အောက်ဆင်းလာခဲ့နော် မနက်စာစားဖို့ မေမေတို့‌ စောင့်နေမယ် "

" ဟင့်... ဟုတ် မေမေ "

" တိတ်တော့ ထ "

မေမေက လွန်းမျက်ရည်များအား သုတ်ပေးပြီး ပွေ့ကာ အောက်ချပေးသည်။ပြီးတော့ ဗီရိုထဲရှိ မျက်နှာသုတ်တဘက်အား သွားယူကာ လွန်းအား ကမ်းပေးသည်။

" ရော့ မျက်နှာသစ်ပြီးရင် သုတ်ဖို့ မေမေ အောက်ထပ်ဆင်းတော့မယ်နော် "

" ဟုတ် မေမေ "

မေမေအခန်းပြင်ဘက်ထွက်သွားတော့မှ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ် ၊ အဝတ်အစားလှဲ ၊ လုပ်စရာရှိတာလုပ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

MY Bad Elder Brother...Where stories live. Discover now