အပိုင်း(၁၄)

1K 19 2
                                    

Unicode

အားလုံးအံ့ဩသွား‌ေလာက်အောင် မှင်သက်စရာကောင်းသည့်စကားမှာ....

" ကျွန်တော် လွန်းငယ်ကို ချစ်မိနေပြီထင်တယ်ဗျာ "

" ဘာ! "

" ဟမ်! "

" ဟယ် "

" အို! "

အာမေဋိတ်ပေါက်းများစွာနဲ့ အံ့အားသင့်နေကြသည်။ ဖေဖေက သားဖြစ်သူကိုသေချာကြည့်နေမိသည်။ သားဖြစ်သူမျက်နှာတွင်
ခါတိုင်းလို မဟုတ်ဘဲ လေးနက်မှုတွေတွေ့ရသည်။

" မင်း သေချာလား "

" ကျွန်တော်... ကျွန်တော်မသိဘူး "

ဖေဖေနှင့်မေ‌ေမက အံ့ဩမှုများစွာဖြင့် ရှိုင်းကိုကြည့်သည်။ ရှိုင်းလည်း မျက်ခုံးများကိုတွန့်ချိုးကာ သူ့ကိုယ်သူအဖြေရှာမရဖြစ်နေသေးသည်။

" မင်း သေချာသုံးသပ်ကြည့်ပေါ့ မင်းသာသေချာရင် ဖေဖေတို့က ကိစ္စမရှိဘူး ဒါပေမဲ့တစ်ခုတော့မှတ်ထား အချစ်က လုပ်ယူလို့ရတဲ့အရာမဟုတ်ဘူး "

" နေကြပါဦး "

မေမေကတစ်ခုခုကို စဉ်းစားမိသွားပုံနှင့် စကားဖြတ်လာတော့ အားလုံး၏အကြည့်များက မေမေ့ထံတွင်...

" သားက လွန်းကိုချစ်တယ်ဘဲထားပါ ဒီကကောင်မလေးကရော "

မေမေက monအားကြည့်ကာ ပြောတော့ အားလုံး၏အကြည့်က monဆီရောက်သွားပြန်သည်။ monကမျက်နှာငယ်လေးနှင့်လုပ်ပြနေသည်။သို့သော်... ရှိုင်း၏နောက်ဆက်တွဲစကားတစ်ခွန်းက monကိုအရှက်ရစေသည်။

" သူက သားကောင်မလေးအစစ်မဟုတ်ဘူး ဟန်ဆောင်ထားရုံဘဲ သူနဲ့သားကဘာမှမပတ်သက်ဘူး ခင်တာတောင် မနေ့ကမှရယ် ပြင်သစ်မှာဆုံတာ သူလည်းမြန်မာပြန်မယ်ဆိုလို့ ကျွန်တော်ကခေါ်လာပေးရုံဘဲ ဒီလောက်ပါဘဲ "

" အော်.... "

အားလုံးက ခေါင်းညိတ်ကြသည်။ သို့သော် ဖအေဖြစ်သူကတော့ စိတ်ထဲတစ်ခုခုကို တွေးနေတုန်းပင်...

" ဒါဖြင့် လွန်းကရော မင်းကိုချစ်လို့လား ကြည်ဖြူလို့လား လက်ခံနေလို့လား "

ဖအေဖြစ်သူ၏ မေးခွန်းအောက်တွင် ရှိုင်း မျက်လွှာချမိသည်။

MY Bad Elder Brother...Where stories live. Discover now