အပိုင်း(၂၆) unicode

670 16 0
                                    

" သား ဘယ်သွားမလို့လဲ စောစောစီးစီး "

" လေဆိပ်သွားမလို့ပါ "

" ဟေ လွန်းဖုန်းဆက်လာလို့လား "

" မဟုတ်ပါဘူး ကြိုစောင့်ချည်မလို့ ကျွန်တော်စိတ်မချဘူး "

" အော် အေးပါ ကားကိုဖြည်းဖြည်းမောင်းသွားဦး "

" ဟုတ် သွားပြီ "

ဖေဖေ့ကိုနှုတ်ဆက်ပြီးသည်နှင့် အိမ်မှထွက်လာခဲ့လိုက်သည်။ ခုချိန်က မနက်ဆိုပေမဲ့ ဆောင်းရာသီမို့ လင်းထင်းနေတာမျိုးမဟုတ်ဘဲ နှင်းတွေနဲ့ဖုံးလွှမ်းနေပြီး ညိုမှိုင်းနေသည်။
ရှပ်လက်ရှည်အဖြူနှင့်styleဘောင်းဘီအနက်ကိုသာ ဝတ်ဆင်ထားတဲ့ရှိုင်းက ကားထဲမှာမို့ သိပ်တော့မချမ်းပေ။ လေဆိပ်ကိုသာဦးတည်‌မောင်းသွားလိုက်ပြီး ကားကိုပါကင်ထိုးလိုက်သည်။

" မဂ်လာပါ အကို ဘာလိုအပ်လို့ပါလဲ "

စာရင်းကိုင်ကောင်မလေးတစ်ယောက်က ရိုရိုသေသေနှုတ်ဆက်လာသည်။

" လူလာစောင့်တာပါ ဒီမနက်ဝင်မဲ့လေယာဉ်မှာ အသိပါလို့ "

" ရှင်! အချိန်မှားနေတာလားရှင့် လေယာဉ်က တစ်ဖက်ကနေ လွန်ခဲ့တဲ့ ၅မိနစ်လောက်ကဘဲ စထွက်ခဲ့တာပါ "

" မမှားပါဘူး ကြိုစောင့်ချင်လို့ "

" အာ အဲ့လ်ိုလား ဟိုဘက်မှာ ထိုင်လို့ရပါတယ် "

" ကျေးဇူးပါ "

ထိုကောင်မလေးညွှန်းလိုက်သည့် နေရာတွင် ထိုင်နေလိုက်သည်။ လေဆိပ်ရုံထဲမို့ထင်ပါရဲ့ လေသိပ်မဝင်လို့ သိပ်မချမ်းပေ။ တဖြည်းဖြည်းနေရောင်ထွက်စပြုလာပြီး လူတစ်စတစ်စများပြားလာခဲ့သည်။

တီ...တီ...တီ

" လေယာဉ်ဆိုက်ရောက်ပါပြီခင်ဗျာ ဧည့်သည်တို့ ပါလာတဲ့ပစ္စည်းတွေကို ယူပြီးရင် ခုံနံပါတ်အလိုက်ဆင်းခဲ့ပေးပါ "

ကောင်လေးတစ်ယောက်က လေယာဉ်ပေါ်မှ လုဆင်းမည်ဆိုး၍ ခုံနံပါတ်အလိုက်ဆင်းဖို့ အော်လိုက်သည်။

" လွန်း "

" ... "

" ခင်ဗျားးး ပိန်သွားလိုက်တာ "

MY Bad Elder Brother...Where stories live. Discover now