အပိုင်း(၁၀)

1.2K 28 0
                                    

Unicode

၂နှစ်ခန့်ကြာသော်...

ခုဆို ရှိုင်းတောင်၁၉နှစ်ပြည့်သွားပြီဖြစ်သည်။ လွန်း အိမ်မှထွက်ခဲ့တဲ့ ညရဲ့ နောက်နေ့ကစပြီး ရှိုင်းပြင်သစ်မှာဘဲ ကျောင်းဆက်တက်ရသည်။ လွန်းလည်း ကျောင်းထွက်ကာ အိမ်ကမသိနိုင်တဲ့ တခြားကျောင်းတွင် အလုပ်လုပ်ပိုက်ဆံရှာပြီး ဆက်တက်ခဲ့ရသည်။

ဒီနေ့ရှိုင်းရဲ့မွေးနေ့ဖြစ်သလို စာမေးပွဲနောင်ဆုံးရက်လည်းဖြစ်ပြီး ရှိုင်းမြန်မာပြည်ပြန်မဲ့နေ့လည်းဖြစ်သည်။

တိတ်ဆိတ်နေသော စာမေးပွဲခန်းထဲတွင် ‌ဖြေဆိုသူများနှင့် တာဝန်ကျ အခန်းစောင့် ဆရာ၊ဆရာမများလည်းရှိသည်။

ရှိုင်း စာဖြေနေတုန်း ဘေးနားသို့ မသိမသာတိုးလာတဲ့ကောင်မလေးကြောင့် စိတ်ရှုပ်ထွေးရသည်။

" Hi! Nice to meet you "

" ... "

ထိုကောက်မလေးက ရှိုင်းအား အဂ်လိပ်လိုနှုတ်ဆက်လာသော်လည်း ရှိုင်းကတော့ သူနှင့်မဆိုင်သလို စာသာဆက်ဖြေနေလိုက်သည်။ ထိုကောင်မလေးကလည်းအားမလျှော့ပေ....

" Are you proud? "

" Don't talk "

" Ohh! Ok sorry! "

" Hey! Don't talk and take the exam "

ရှေ့နားတွင် မိန့်မိန့်ကြီးရပ်နေတဲ့ ဆရာက
ရှိုင်းတို့အား လှမ်းအော်လာသည်။

" If you want to talk, get out of the exam room! OK? "

ဆရာက ထပ်အော်လာတော့မှ ထိုကောင်မလေးကတိတ်ဆိတ်သွားတော့သည်။
ရှိုင်းလည်း စာကိုသာဆက်ဖြေနေလိုက်သည်။

စာဖြေပြီးသည်နှင့် စာမေးပွဲခန်းထဲမှ ထွက်လာခဲ့တော့ နောက်မှလှမ်းခေါ်သူက..

" Hey! Wait me. "

ထိုသူမှာတခြားသူမဟုတ် ခုနကရှိုင်းကို အာရုံလာနောက်တဲ့ကောင်မလေးဖြစ်သည်။ ထိုကောင်မလေးက ပြေးလာတာမို့ ရှိုင်းလည်း ရပ်စောင့်လိုက်ရသည်။

" You are so fast. "

" Because you know me? "

" Oh! No, I want to be with you. "

ရှိုင်းဘာစကားမှမဆိုဘဲ တိတ်ဆိတ်နေမိသည်။ ဘာလား... မြန်မာပြန်ခါနီးမှ ဖွန်ကြောင်ခံနေရတာလားပေါ့...

MY Bad Elder Brother...Where stories live. Discover now