အပိုင်း(၉)

1.2K 29 2
                                    

Unicode

ရှိုင်းက အဖေဖြစ်သူဆီက အထိုးခံရလို့ပေါက်သွားတဲ့ နှုတ်ခမ်းကို လက်မနှင့် အရေးမပါသလို ဖိသုတ်လိုက်သည်။ ပုံစံကိုက နည်းနည်းမှထောင့်မကျိုး။ မျက်နှာအမူအရာမှာ
လည်း နောင်တရသွားတာမျိုးမရှိ။

" မိဘမျက်နှာကို အိုးမဲသုတ်တဲ့ကောင်! မင်းကြောင့် ငါတို့ခွေးဖြစ်သွားပြီကွ အရိုင်းအစိုင်းကောင်!မင်းကို သင်ပေးထားတဲ့ပညာတွေကို ဘယ်နားမှာ သွားသုံးစားမှာလဲ ဟမ်! အဲ့လောက်အောက်တန်းကျတဲ့ အလုပ်မျိုးလုပ်ရအောင်မင်းမှာအသိတရားနည်းနည်းမှမရှိဘူးလားဟမ်!တော်တော် မိုက်ရိုင်းတဲ့ကောင် "

" တော်ပါတော့ ဖေဖေရာ ကျွန်တော့်အမှားတွက် တောင်းပန်ပြီးပြီဘဲ ၊ ပြီးတော့ တာဝန်ယူဖို့လည်း ပြောပြီးပြီ "

" ဘာကွ! ဒါ တောင်းပန်ရုံနဲ့ပြီးသွားမဲ့ကိစ္စလား မင်း! ငါကွာ... စိတ်ရှိလက်ရှိသာဆိုရင်တော့ ငါမင်းကို သတ်မိတော့မယ် "

" ကျစ်! နားငြီးလိုက်တာ "

ရှိုင်းတစ်ယောက် ခေါင်းအား တဗျင်းဗျင်းကုတ်ပြီး အောက်ငုံ့ကာ တိုးတိုးဆိုလေတော့

" ဘာကွ! မင်း! တောက်! ပြင်ထား မင်းကျောင်းထွက်တော့ ငါမင်းကို ပြင်သစ်ပို့မယ် မင်းပြင်သစ်မှာ ကျောင်းတက်ပြီး စောက်ချိုး‌တွေပြင်ခဲ့စမ်း ဟေ့ကောင်! "

" ဗျာ! ကျွန်တော်မသွားချင်ဘူး ဖေဖေ "

" မင်း သွားကိုသွားရမယ် ငါ့ကို အတွန့်လာမတက်နဲ့ သွား ခုချက်ချင်း အဝတ်အစားတွေသွားသိမ်း မင်းမျက်နှာကို တစ်ရက်လေးတောင် ပိုမမြင်ချင်တော့ဘူး ဟေ့ကောင် "

" ဖေဖေ ကျွန်တော်... "

" တောက်! မင်း လူကမွေးရင် လူစကားနားလည်စမ်းပါ "

" ကျစ်! ပြီးရောဗျာ "

ဖေဖေက အလိုမကျသည့် မျက်နှာနှင့် အခန်းထဲကထွက်သွားပြီး တစ်ဖက်ခန်းထဲဝင်သွားတဲ့ သားဖြစ်သူကိုကြည့်ကာ လွန်းအား အားနာနေမိသည်။

" တောက်! "

" စိတ်ကိုလျှော့ပါ ကိုရယ် ကျွန်မတို့ လွန်းကို ဘယ်မှာရှာကြမလဲ "

MY Bad Elder Brother...Where stories live. Discover now