အပိုင်း(၃၄) unicode 🔞

840 8 2
                                    

" ဒါဆို သားမိဘတွေက ချမ်းသာခဲ့တာပေါ့ "

" ဟုတ်တယ်မေမေ ကျွန်တော်တို့ကံကောင်းသွားတာ မဟုတ်ရင် ဘယ်လိုဘဝရောက်သွားမလဲတောင်မသိဘူး ပြီးတော့ မေမေနဲ့
ရှိုင်းကို တောင်းပန်ပါတယ် "

" ဘာလို့လဲသားရယ် "

" ဒီကိုရောက်လာတာနောက်ကျလို့လေ တော်သေးတာပေါ့ ဒီထက်နောက်ကျသွားရင် မေမေတို့ကိုဒီမှာတွေ့ရပါ့မလား "

" မဟုတ်တာ သားရယ် မေမေတို့က သားအပေါ်တောင်အကြွေးတင်သွားပြီ မေမေတို့ဘဝကို သားကကယ်တင်ပေးလိုက်တာပါ "

ခေါင်းကိုအောက်စိုက်ကာ သူ့ကိုယ်သူအပြစ်တင်နေတဲ့လွန်းကို နှစ်သိမ့်ပေးမိသည်။

" ကုမ္ပဏီကိုပြန်ရဖို့ ရှယ်ယာ‌ေတွဝယ်နိုင်တာလဲ သားကြီးရဲ့ငွေတွေကြောင့်ဘဲ သားကိုကျေးဇူးတင်ပါတယ် "

ဖေဖေကပါ ကျေးဇူးတင်ကြောင်းဝင်ပြောလာသည်။

" ဒီကျေးဇူးကိုဘယ်လိုပြန်ဆပ်ရမလဲ မသိတော့ပါဘူး "

" ဟာ မဟုတ်တာမေမေရယ် မေမေတို့က ကျွန်တော့်ကိုငယ်ငယ်လေးထဲက ဂရုတစိုက်နဲ့ချစ်ပေးခဲ့တာဘဲလေ ပြီးတော့ခုကိစ္စက ကျွန်တော့်အမှားလည်းမကင်းပါဘူး မေမေတို့ကညကိုယ့်ကိုကိုယ်အပြစ်မတင်ကြပါနဲ့နော် "

" ဟုတ်ပါပြီ သူဌေးသားလေးရှင် "

မေမေက အနည်းငယ်ပြုံးသွားကာ စနောက်သလိုခေါ်လေသည်။

" ဟာ မေမေကလည်း ဘယ့်နှယ့်သူဌေးသားလေးလို့ပါ့ "

" တော်နဲ့လိုက်လွန်းလို့ပါရှင် ကဲကဲပင်ပန်းရောပေါ့ သွားနားတော့လေ ရှိုင်းသားလည်းနားဦးဒီရက်ပိုင်းကောင်းကောင်းမအိပ်ဘူး "

" ဟုတ် မေမေ "

" လာ ကိုကိုသွားနားရအောင် "

ပြောပြောဆိုဆိုဖြင့် လွန်းလက်ကိုဆွဲကာ အပေါ်ထပ်တက်သွားသည့်ရှိုင်း။ မေမေကတော့ ဖေဖေ့အတွက်စားစရာတစ်ခုခုပြုလုပ်ပေးဖို့ မီးဖိုခန်းထဲဝင်သွားသည်။ ဖေဖေကတော့ ဧည့်ခန်းဆိုဖာတွင်ထိုင်ကာ ကျောမှီရင်း မှေးနေသည်။

အခန်းထဲရောက်သည်နှင့် ရှိုင်းက တံခါးကိုအတွင်းထဲမှ ဂျက်ချထားလိုက်သည်။ ပြီးတော့ ကုတင်နားတွင်အပေါ်ဝတ်ကိုချွတ်နေတဲ့လွန်းနားတိတ်တိတ်လေးသွားလိုက်ပြီး ကုတင်ပေါ်ကိုတွန်းချလိုက်သည်။ ပြီးတော့ လွန်းအပေါ်မှအုပ်မိုးလိုက်သည်။

MY Bad Elder Brother...Where stories live. Discover now