အပိုင်း(၂၈) unicode

640 15 0
                                    

" ဖေဖေ ကျွန်တော်တို့ရောက်ပြီ "

အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းဆိုဖာတွင် ထိုင်ရင်း လက်ဖက်ရည်သောက်နေသည့်ဖေဖေ့ကို ရှိုင်းကစကားစနှုတ်ဆက်လိုက်သည်။

" အော်အင်း လာထိုင်ကြ ဘယ်တွေများသွားစရာများနေရတာလဲ မိုးတောင်ချုပ်တော့မယ် "

ဟုတ်ပါတယ်။ ဖေဖေပြောမှနှစ်ယောက်သားတစ်ပြိုင်နက်အပြင်ဘက်ကို လှမ်းကြည့်လိုက်ကြသည်။ မှောင်နေပြီဘဲကို လာတဲ့လမ်းတစ်လျှောက်သတိထားမိပုံမပေါ်ပေ။

" ကဲပါ အဝတ်အစားဘာညာလှဲချည်ကြလေ ပြီးရင်ညစာစားကြ "

" ကျွန်တော်တို့စားခဲ့ပြီးပြီ "

" ကျွန်တော်တို့စားခဲ့ပြီးပြီ "

နှစ်ယောက်သား စကားတူသွားတာကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အစတော့ကြောင်သွားပေမဲ့ ပြုံးမိကြသည်။

" အေးပါ ဒါဆိုလည်း စောစောနားကြပေါ့ ဖေဖေလည်းနားတော့မယ် "

" ဟုတ်ဖေဖေ "

လွန်းကဖေဖေ့ကို တရိုတသေပြောပြီးနောက် ဖေဖေကနေရာမှထွက်သွားတော့သည်။

" နား..ကြတော့မလား "

" အင်း နားကြတာပေါ့ "

ရှိုင်းကမေးတော့ ခပ်ပေါ့ပေါ့သာဖြေမိသည်။

" မောင်ဒီနေ့မင်းနဲ့အိပ်လို့ရမလား "

" ဟမ်! အင်း ရတာပေါ့ လာအိပ်လေ "

" ကောင်းပြီ "

လိုချင်တာရသွားတော့ ပျော်ရွှင်ကာအပေါ်ထပ်တက်သွားရင်း လွန်းအခန်းထဲတန်းဝင်သွားသည်။ သူ့အခန်းတောင်အရင်မပြန်ဘဲ အိပ်ချင်တဲ့နေရာကို ချက်ချင်းရွေးလိုက်ပုံပါဘဲ။

လွန်းလည်း ခေါင်းယမ်းရင်း ပြုံးကာ အပေါ်ထပ်အခန်းဆီ လာခဲ့လိုက်သည်။ အခန်းထဲရောက်တော့ ရှိုင်းကိုကုတင်ပေါ်တွင် ခေါင်းမြှီးခြုံထားသည်။ လွန်းလည်း တံခါးလှည့်ပိတ်ရင်း တွေးနေမိသည်။ ခနနေတော့ တံခါးကိုလော့ခ်ချလိုက်ပြီး ပြန်လှည့်မယ်အပြု နောက်မှသိုင်းဖက်ခြင်းခံလိုက်ရသည်။

MY Bad Elder Brother...Where stories live. Discover now