အပိုင်း(၇)🔞

1.5K 31 10
                                    

Unicode

၃ရက်ခန့်ကြာသော်...

" သား ဘာဖြစ်တာလဲနေမကောင်းလို့လား "

" ခေါင်းနည်းနည်းကိုက်နေလို့ပါ မေမေ သားအဆင်ပြေပါတယ် "

" ဆေးသောက်ထားဦး နေမကောင်းဖြစ်နေဦးမယ် "

" ဟုတ်ကဲ့ပါ "

ရှိုင်းတစ်ယောက် ဧည်းခန်းဆိုဖာတွင်ထိုင်ကာ လေပျက်နေကြသော သားအမိနှစ်ယောက်ကို အပေါ်ဝရံတာမှ ကြည့်နေရင်း ကြာတော့ မကြည်တော့။

" လွန်းငယ် ! "

အသံမြှင့်ကာ ဆောင့်အော်လိုက်တာကြောင့် မေမေတောင်လန့်သွားရသည်။ လွန်းကတော့ မလန့်ပေ။ ရှိုင်းအား မထီသလိုမော့ကြည့်နေပြန်သည်။

" ခင်ဗျားမှာ ပါးစပ်မပါဘူးလား ခေါ်ရင်ထူးလေ "

" မင်းခေါ်တိုင်းထူးရအောင် မင်းကိုယ်မင်းဘာထင်နေတာလဲ "

" ကျစ်! ငါကွာ စိတ်ရှိလက်ရှိလုပ်လိုက်ရရင်ဖြင့်... "

" ဘာ! "

" ကဲ တော်ကြတော့! "

အပေါ်ထပ်နှင့်အောက်ထပ် စကားများနေကြတဲ့ နှစ်ယောက်ကိုကြည့်ကာ မေမေက ကြားထဲမှ နှစ်ယောက်လုံးကို မျက်စောင်းထိုးပေးလိုက်တော့ သူတို့မဟုတ်သလိုတစ်ဖက်လှည့်သွားကြသည်။ ရှိုင်းကလည်း အခန်းထဲပြန်ဝင်သွားတော့မှ လွန်းတစ်ယောက်အသက်ရှူချောင်တော့သည်။

" သား ဒီရက်ပိုင်း ရှိုင်းကို ရှောင်နေသလိုဘဲနော် ရှိုင်းသားကိုတစ်ခုခုလုပ်ထားလို့လား "

" မေမေ စိတ်ထင်လို့နေမှာပါ "

မေမေ့အား ကောင်းမွန်သော ဖြေရှင်းချက်ပေးပြီး မျက်ရည်များဝဲတက်လာတာကြောင့်မျက်နှာအား တစ်ဖက်ကိုလွှဲထားမိသည်။

" တောက်! လွန်းငယ် ခင်ဗျားဘာစောက်ချိုးချိုးနေတာလဲကွာ "

အခန်းထဲတွင်တော့ ရှိုင်းတစ်ယောက် ဒေါသအလိပ်လိုက်ထွက်နေသလို အောက်ထပ်တွင်လည်း လူသိမည်စိုး၍ ခိုးငိုနေသူလည်း ရှိနေသည်။

( တောင်းပန်ပါတယ်မေမေရယ် သားဘာဆက်လုပ်ရမလဲဟင် ကျွန်တော်တို့ကိစ္စကို မေမေတို့သာ သိရင် ကျွန်တော့်ကိုမုန်းသွားမှာလားဟင် ဟုတ်ပါတယ်လေ အားလုံးကျွန်တော့်အမှားပါ ကျွန်တော်မေမေတို့ကို ဖုံးကွယ်ထားလည်း တစ်ချိန်ချိန်ကျ မေမေတို့ သိမှာဘဲလေ အဲ့ကျ ကျွန်တော့်အပြစ်က ပိုများနေမလားဘဲ။ ဒါမှမဟုတ် ဘယ်သူမှမသိအောင် တိတ်တိတ်လေးဒီအိမ်က ထွက်သွားလိုက်ရမလား )

MY Bad Elder Brother...Tahanan ng mga kuwento. Tumuklas ngayon