အပိုင်း(၁၈)

969 15 0
                                    

Unicode

သာယာလှပတဲ့ရပ်ကွက်ငယ်လေးအတွင်းသို့ အနက်ရောင်ကား၄စီးလောက် အရှိန်အဟုန်ပြင်းစွာ ထိုးရပ်လိုက်သည်။ အားလုံး၏မျက်နှာထက်ကြောက်ရွံ့မှုတို့က အထင်းသားပေါ်လွင်နေပြန်သည်။ အံ့ဩရသူကတော့ ရှိုင်းနှင့်လွန်းပင်။

" အမ အဲ့တာဘယ်သူတွေလဲ "

လွန်းက နဒီ့ဘက်ကိုလှည့်ကာ ကားပေါ်မှဆင်းလာသူတို့ဘက်မျက်စပစ်ပြပြီး တီးတိုးဆိုလေသည်။ နဒီ့မျက်နှာထက် ကြောက်ရွံ့မှုက အခြားသူများထက်ပိုလေသည်။ လွန်းခနတာကြောင်နေမိသည်။

" ခင်ဗျားကဘယ်သူလဲ "

ကားထဲမှထွက်လာကြသည့်လူအုပ်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသော ခပ်ထွားထွားလူကြီးတစ်ယောက်။ ထိုလူ့ကို ရှိုင်းက မခန့်လေးစားမေးလေတော့ ရှိုင်းအား စောင်းကြည့်လာသည်။

" ငါကမကြာခင် မင်းသခင်ဖြစ်မဲ့သူ ဟားဟား!... "

" ဟက်! "

ထိုလူက ရှိုင်းအား သရော်သလိုပြောပြီး ဟက်ဟက်ပက်ပက်ရယ်လေတော့ ရှိုင်းဟက်ခနဲရယ်လိုက်မိသည်။ ထိုလူကရှိုင်းကိုတအံ့တဩကြည့်လာသည်။ မကြောက်ဖူးလားဆိုသည့်သဘောဖြင့်

" မင်းဘာရီတာလဲ "

အထက်စီးဆန်ဆန်ပြောတဲ့ထိုလူကြောင့် ရှိုင်းဒေါသပင်ထွက်လာရသည်။ မနက်စောစောစီးစီး ကျက်သရေရုတ်လိုက်သည့်အဖြစ်။ နီရဲနေသော ရှိုင်းမျက်လုံးတို့အား လွန်းကသေချာမြင်လိုက်တာကြောင့်

" ရှိုင်း... စိတ်ကိုအေးအေးထား "

လွန်း သူ့ပုခုံးပေါ်လက်တင်ပြီး နားနားကပ်ကာဆိုလေတော့ ရှိုင်းစိတ်တို့ပြေလျော့လာတော့သည်။ ရှိုင်း လွန်းအားတစ်ချက်ကြည့်ကာ ဘာမှတော့မဆို။

" ဟားး မင်းကအလှလေးဘဲ ယောက်ျားလေးမှဟုတ်ရဲ့လားဟမ် "

ထိုလူက လွန်းမေးစေ့အား လက်ညှိုးလေးနဲ့အသာအယာပွတ်ကာ ဆိုသည်။ လျှော့ထားရသော ဒေါသတို့က ရှိုင်းဆီမှ ပြန်လည်ထွက်ပေါ်လာရပြန်သည်။

" ခင်ဗျား ကျုပ်လူကိုထိလိုက်တာဘဲ "

" ဘာ! "

MY Bad Elder Brother...On viuen les histories. Descobreix ara