အပိုင်း(၂၂) unicode

859 19 2
                                    

အပိုင်းပိုပြီးရှည်ရေးပေးမှာမို့ uni & zawgyiကိုခွဲအပ်ပေးပါမယ်နော်☺️

Ring......

" ဟယ်လို... ငယ် ဘယ်မှာလဲ "

" ... "

ပြန်ဖြေသံမကြားတာကြောင့် ဖုန်းအားတစ်ချက်ကြည့်ပြီးပြန်ခေါ်ရန်ကြိုးစားသည်။

" ငယ်... "

" အိပ်နေတယ်! "

ခပ်မာမာထွက်လာတဲ့လေသံကြောင့် နဒီတုန်ခနဲဖြစ်သွားရသည်။ဒီ...ဒီအသံက... ရှိုင်း။ ဟုတ်တယ် ရှိုင်းအသံဘဲ။ လွန်းက ညကတည်းကပြန်သွားတာများလား။ ဒါမဲ့မပြောမဆိုနဲ့တော့ မသွားလောက်ပါဘူး။

" အာ... ဟို ငယ်ညကအိမ်ပြန်မလာလို့လေ စိတ်ပူလို့ ဖုန်းဆက်ကြည့်တာ အဆင်ပြေတယ်ထင်တယ် ဒါဘဲနော် ရှိုင်း... "

" အင်း... "

ဖုန်းချပြီးသည်နှင့် ပြုံးစိစိလုပ်နေသည့် နဒီ့အား ကြည့်နေသောသူတစ်ယောက်ရှိလေသည်။

" နဒီ... "

" ဗုဒ္ဓေါ! လန့်လိုက်တာ ကိုထွဋ်ခေါင်ရယ် ဘယ်လိုရောက်လာတာလဲ စောစောစီးစီး...
ဘယ်သူ့ဆီလာတာလဲ ငယ်တို့မရှိဘူး "

" မင်းဆီဘဲလာတာပါဗျာ "

" ရှင်! ကျွန်မဆီကိုလား ဘာဖြစ်လို့လဲ "

" မင်း ဟိုနေ့ကပြောတာ ဒီနေ့မနက်စောစော ဝယ်စရာရှိသေးတယ်ဆို "

" အာ... အင်းး ပြောလိုက်မိတယ်ထင်တာဘဲ ဘာဖြစ်လို့လဲ "

တွေးဆဆဖြင့်ပြန်ပြောတော့ ထွဋ်ခေါင်က ပြုံးသည်။

" ကိုယ်ဒီနေ့အားလို့ပါ မင်းကိုလိုက်ပို့ပေးရအောင်လို့ ထွက်ခဲ့တာ "

" ရှင်! မ..မဟုတ်တာ အားနာစရာကြီး ကျွန်မဘာသာသွားလိုက်ပါ့မယ် "

" ရောက်ဘဲရောက်နေပြီကို အိမ်ပြန်စေချင်တာလား "

" အဲ့လိုတော့လည်း မဟုတ်... "

" ပြီးရော အာ့ဆိုလာလေ သွားဝယ်ကြမယ် "

" ရှင်! အာ... ဟုတ် ခနလေး "

စကားဆုံးအောင်ပြောခွင့်မပေးသည့် ထွဋ်ခေါင်က နဒီ့က ခနလေးဆိုတာကြောင့် အိမ်ထဲဝင်ထိုင်လေတော့သည်။ နဒီလည်း အားနာတာကြောင့် အဝတ်အစားကိုခပ်မြန်မြန်လှဲကာ အခန်းထဲကပြန်ထွက်ခဲ့တော့ ခေါင်းဖြီးဖို့မေ့ခဲ့တာကြောင့် အနည်းငယ်ရှုပ်ပွနေသည့် ဆံပင်များကို ထွဋ်ခေါင်က သပ်တင်ပေးတော့ ငြိမ်ငြိမ်လေးသာနေမိသည်။

MY Bad Elder Brother...Where stories live. Discover now