အပိုင်း(၄)

1.3K 33 4
                                    

Unicode

၇နှစ်ကြာသောအခါ....

" မေမေ သား ကျောင်းသွားတော့မယ်နော် "

" အေအေ သား ဂရုစိုက်သွားဦး ကားသေချာမောင်းဦးနော် ဒါနဲ့ သားညီရော "

" သွားလောက်ပြီ အမြဲစောစောသွားနေကျဘဲ မှာစရာရှိလို့လား မေမေ "

" အင်း ဒီမှာ ထမင်းဘူး သားငယ်အကြိုက်ဆုံးဟင်းတွေချည်းချက်ထားတာ သားသူ့ကိုသွားပေးလို့ရမလား "

" ဟုတ် ရတာပေါ့ ရှိုင်းပျော်မှာပါ အာ့ဆို ကျွန်တော့ကိုခွင့်ပြုပါဦးနော် "

" ဟုတ်ပြီ ဟုတ်ပြီ ဂရုစိုက်သွား "

မေမေ့လက်ထဲမှ ထမင်းဘူးအား တယုတယယူကာ ကားဆီလျှောက်လာခဲ့သည်။ကားထဲဝင်ထိုင်ပြီး စက်မနှိုးခင် တာဝန်မပျက်ခဲ့ပါ။ တာဝန်မှာ မေမေ့အား လက်ပြနှုတ်ဆက်ခြင်းဖြစ်သည်။ မနက်ကျောင်းသွားတိုင်း အမြဲနှုတ်ဆက်ဖြစ်ပါသည်။ သို့သော် ရှိုင်းကတော့ ဘယ်သူမှမသိအောင် အမြဲ အစောရီးသွားလေ့ရှိသည်။

ရှိုင်း လွန်းအားမုန်းနေရသည့်အကြောင်းမှာ
အားလုံးက ရှိုင်းထက် လွန်းအားပိုအရေးပေးနေသည်ဟု ရှိုင်းစိတ်ထဲလက်ခံထားသည်။

တကယ်တမ်းတော့ အားလုံးဟာ တိုက်ဆိုင်မှုတွေသာဖြစ်သည်။တိုက်ဆိုင်မှုများထဲ ရှိုင်းအား အခြေအနေပိုဆိုးအောင် ဖြစ်သွား‌စေသည့် တိုက်ဆိုင်မှုတစ်ခုမှာ ရှိုင်း၁၇နှစ်ပြည့်မွေးနေ့တွင် ဖေဖေနှင့်မေမေက အလုပ်ကိစ္စနှင့် နယ်ဘက်ခရီးထွက်ရတာကြောင့် မွေးနေ့ပွဲမလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။သို့သော် လွန်း၁၉နှစ်ပြည့်မွေးနေ့တွင်တော့ ဖေဖေနှင့်မေမေက မွေးနေ့ပွဲအပြင် ညစာစားပွဲပါ လုပ်ပေးကြသည်။ထိုတိုက်ဆိုင်မှုက ရှိုင်း လွန်းအား ပို၍ မုန်းစေသည်။

" အန်တီးလေး "

" ဟင်..အော် မိလှိုင် ဘာကိစ္စရှိလို့လဲ "

" ဘာတွေတွေးနေတာလဲ အန်တီလေးရယ် ဒီလိုပါ မိလှိုင် စောနက marketသွားတော့ ဝယ်စရာလေးတွေ ကျန်နေသေးလို့ တစ်ခေါက်ထပ်သွားလိုက်ဦးမယ်လို့ "

" အော် အင်း သွားလေ "

" ဟုတ်ဟုတ် "

• • • • •

MY Bad Elder Brother...Where stories live. Discover now