Chapter 1

12.9K 195 0
                                    

Love Or Hurt – 1

အဂ္ဂ မောင် နှင့် ရတီမြတ် တို့သည် အလွန်ချစ်ခင်ကြသော ချစ်သူနှစ်ဦးဖြစ်ကြလေသည်။ ရတီမြတ်နှင့် အဂ္ဂ တို့က  ငယ်ချစ်တွေဖြစ်ခဲ့ကြပြီး ကျောင်းပြီးလို့အလုပ်ခွင်ဝင်ရာ၌ သူတို့၏ ချစ်ခရီးလမ်းဟာ အဖုအထစ်များစွာ ရှိလာခဲ့ကြသည်။

“ကိုကို အခုနောက်ဆုံးပေါ် I Phone လိုချင်တယ်”

“သဲကလည်း ကိုယ့်လစာနဲ့ဘယ်လိုလုပ်လောက်မှာလဲ ပြီးတော့ကိုယ်ရဲ့နေစရိတ်စားစရိတ်ဆိုတာလည်းရှိနေသေးတယ်လေ”

“သဲ လိုချင်တယ်လေ သူများကောင်လေးတွေဆို သူတို့ချစ်သူကို ဝယ်ပေးနေကြတယ် သဲသူငယ်ချင်းတွေကြားမှာ သဲပဲ မျက်နှာငယ်နေရတယ်”

“သဲ သူငယ်ချင်းတွေရဲ့ ကောင်လေးတွေက လူချမ်းသာတွေလေ ကိုယ်ကချမ်းသာတဲ့သူမှ မဟုတ်တာ  သဲလိုချင်တာတွေ ကိုယ်အမြဲ ဝယ်ပေးနေကျပဲ…. သဲရယ်… ဒါကြီးကအရမ်းစျေးများလွန်းတယ် ကိုကို တခြားတစ်ခု ပေးမယ်လေကွာနော် … သဲ”

“နောက်တစ်ပတ်သဲမွေးနေ့လေ I phone မှမပေးနိုင်ရင် သဲမွေးနေ့ကို ကိုကို မလာခဲ့နဲ့”

ပန်းခြံထဲမှာ အတူ ထိုင်နေရင်းချက်ချင်းထထွက်ပြီးပြန်သွားသည့် ရတီ့ကြောင့် အဂ္ဂ အတော်လေး ခေါင်းပူထူသွားရသည်။ နောက်ဆုံးပေါ် I phone ကဒီလောက်စျေးများတာအခြေခံလူတန်းစားဖြစ်တဲ့သူတို့ကဘယ်လိုလုပ် မှန်းနိုင်မှာတဲ့လဲ

ရတီ့ကို သူသဘောကျခဲ့ချစ်ခဲ့တာ အထက်တန်းကျောင်းမှာကတည်းကဖြစ်ပြီး အခုမှ သူတို့တွေ လမ်းခွဲဖို့ကခက်ခဲလွန်းသည်။ အဂ္ဂ သူ့ကိုလက်မလွှတ်နိုင်ပါ။လမ်းခွဲရမှာ သိပ်ကိုကြောက်ပါ၏။ကူကယ်ရာမဲ့အခြေအနေဟုခံစားရသည့်တိုင်ပင်ဖြစ်သည်။

“မင်းဇေ …. မင်းဘားမှာလူလိုသေးလား ငါအလုပ်လိုလို့”

“ဒီညအားရင် လာခဲ့ အဂ္ဂ ငါသူဌေးကိုပြောထားလိုက်မယ်”

“အေး သားကြီး ငါလာခဲ့မယ် ဘယ်နှနာရီလောက်လာခဲ့ရမလဲ”

“ညနေ 6 နာရီလောက်လာခဲ့ကွာ မင်းရုပ်ရည်ကိုနည်းနည်းပြင်ဆင်လာခဲ့အုံး”

Love Or Hurt (Complete )Where stories live. Discover now