Chapter 31-35

5.1K 161 5
                                    

Love or Hurt – 31-35

မွေ့ယာပေါ်တန်းတက်ပြီး ခေါင်းအုံး ပေါ်သို့လှဲချကာ မျက်လုံးတွေကိုမှိတ်လိုက်သည်။ သူ့နားထဲမှာ စွန့်လွှတ်ခြင်း ဆိုတဲ့စကားကို ကြားယောင်နေဆဲဖြစ်သည်။ထိုအရာကအမှန်မဟုတ်ဘူး။စွန့်လွှတ်ခြင်းကအချစ်မှမဟုတ်တာကို။

“အဂ္ဂမနက်ဖြန်ကျရင်မင်း Donghae Hotel ကိုသွားရမယ် ရှယ်ယာဝယ်ယူသူအသစ်အဖြစ်မိတ်ဆက်ပြီး MD နေရာလွှဲပြောင်းပေးမယ် အဲ့အတွက် လိုအပ်တာတွေပြင်ဆင်ထားပါ”

“ ခင်ဗျားခေါင်းထဲမှာ အလုပ်ပဲရှိတာလား နှိုင်းကေရတု …”

“အင်း ….. “

“တော်တော်ခေါင်းမာတဲ့လူ “

အမေတစ်ယောက်လုံးဆုံးသွားတာတောင် သူ့ခေါင်းထဲအလုပ်တွေနဲ့ပြည့်နက်နေတုန်းပဲ။နည်းနည်းပါးပါး ပြိုလဲသွားကြောင်းတောင်မပြဘဲ သူ့ရဲ့ပုံရိပ်ကို ဇွတ်မြှင့်တင်ပြီးနေနိုင်တာကို အံ့သြသည်။အတော်လေးလည်းဟန်ဆောင်ကောင်းသည့်သူ

“ကိုယ်ခေါင်းမာရမယ် ကိုယ်ပြိုလဲတာကို လူဆွေကမြင်ချင်ကြတယ် မိဘကြောင့် မရောက်သင့်တဲ့အမြင့်ကိုရောက်နေတယ်လို့ တီးတိုးပြောနေကြပြီး အမြင့်ကြီးကနေပြုတ်ကျစေချင်ကြတယ် ကိုယ့်နေရာမှာမင်းဆိုရင်ရော အပြုတ်ကျခံမှာလား ရောက်နေတဲ့နေရာထက်ပိုမြင့်တဲ့နေရာကိုရွေးမှာလာ”

“…”

“ကိုယ်ပြုတ်ကျသွားရင်ဆွဲထူပေးမဲ့သူရှားတယ် အကုန်လုံးကလက်ခုပ်ဝိုင်းတီးနေကြမှာ ကိုယ့်အနားမှာ စစ်မှန်တဲ့သူရှားတယ် ဒါ့ကြောင့်ကိုယ့်အနားမှာ မင်းကိုထားချင်ခဲ့တာ မင်းအတွက်ကိုယ်က အတော်လေးစိတ်ပျက်စရာကောင်းနေရင်ကောင်းနေလိမ့်မယ် ကိုယ်မသိတော့ဘူး……မင်းကိုယ့်ကိုအရမ်းစိတ်ပျက်မနေပါနဲ့ ကိုယ့်မှာမင်းပဲရှိတာမလို့”

ပြောရင်းနှင့် နှိုင်းအိပ်ပျော်သွားတော့သည်။နှိုင်းနှစ်ညလုံး မအိပ်ရသေးတာကြောင့်လည်းပါမည်။သူအရမ်းပင်ပန်းပြီးအိပ်ပျော်သွားတော့ အဂ္ဂကထိုလူ့အနားသို့ ဖြေးဖြေးချင်း လျှောက်လာပြီး ထိုလူရဲ့ဘေးမှာဝင်လှဲလိုက်သည်။

Love Or Hurt (Complete )Where stories live. Discover now