Chapter 8

4.6K 120 1
                                    

Love or Hurt – 8

ဘယ်နှထပ်မှန်းမသိ လှေကားထစ်တွေကြောင့် သူ့မှာအတော်လေးကြိုးစားပမ်းစားဆင်းလာရတာဖြစ်သည်။အောက်ဆုံးထပ်ရောက်ရောက်ချင်း ထောင့်စွန်းမှာရပ်ထားသည့် သူ့ကားကိုတွေ့တော့ ကားပေါ်အမြန်သွားရင်း ကားပေါ်ရောက်မှာ အမောဖြေနိုင်သည်။သာမန်ဆို ဒီလောက်ကို မောနေမိမှာမဟုတ်ဘူး အောက်ပိုင်းတစ်ခုလုံးမလှုပ်နိုင်အောင် နာကျဥ်ပြီးထုံနေတာ တစ်ချက်လှုပ်ရင် တစ်ချက်စိမ့်နေအောင်နာ၏။Sex ကိုရစ်မူးနေတဲ့သူမဟုတ်ပေမဲ့ အခြားလူတွေနဲ့လုပ်ရင် သူဒီလောက်အခြေအနေမဆိုးပါ နှစ်ချီလောက်ဆို ပြီးသွားကြတာမလို့ နှိုင်း ကိုယ်တိုင်လည်းစိတ်ကျေနပ်သည်။နာကျင်တာမျိုးလဲ မရှိ။သို့ပေမဲ့ အဂ္ဂ နဲ့စလုပ်တဲ့နေ့ကအတော်ခံစားခဲ့ရတာ ဒါပေမဲ့ ဒီနေ့ပိုဆိုးသည်။မူးနေတုန်း ဘယ်လောက်ထိတောင် လုပ်မိလိုက်လဲ ဆိုတာ နှိုင်း မသိပါ။ ကားမောင်းဖို့တောင် အဆင်မပြေသို့ပေမဲ့ သူအိမ်သို့ပြန်ရဦးမည်ဖြစ်သည်။

ကားပေါ်မှာ အကြာကြီးထိုင်နေရင်း စိတ်ညစ်စွာညည်းညူနေမိသည်။ထို့နောက် ကားမှန်ခေါက်သံကြောင့် မော့ကြည့်လိုက်တော့ အဂ္ဂ ဖြစ်နေသည်။ နှိုင်း ကားမှန်ပြီး

“ဘာကိစ္စရှိလို့လဲ”

“ကျုပ်အပေါ်ကကြည့်နေတာကြာပြီ ခင်ဗျား အခုထိမသွားသေးလို့ဆင်းလာတာ”

“သွားတော့မှာ”

“ကားမမောင်းနိုင်ဘူးမလား ကျုပ်လိုက်ပို့ပေးမယ်”

“ရတယ် ကိုယ့်ဘာသာမောင်းနိုင်တယ် ပြီးတော့”

“ခါးတောင်မတ်မတ်မရပ်နိုင်ဘဲနဲ့ ကျုပ်ကားမောင်းပြီး လိုက်ပို့ပေးတာ ခင်ဗျားသိက္ခာကျတာလည်းမဟုတ်ဘူး ထွက်လာခဲ့”

နှိုင်း လည်း သက်ပြင်းတစ်ချက်ချလိိုက်ကာ ကားပေါ်ကဆင်းပြီးတစ်ဖက် ခုံပေါ်သို့ပြောင်းထိုင်ပေးလိုက်သည်။တကယ်ကိုအောက်ပိုင်းက နာကျင်နေတာဖြစ်သည်။အဂ္ဂ ရှိနေတာကြောင့် သူ့မှာ ဟန်ကိုဖို့ကာ မျက်နှာတစ်ဖက်သို့လှည့်ထားရ၏။ကားစပြီးထွက်တာနဲ့ လမ်းနဲ့ အိမ်နံပါတ်ပြောကာ တစ်ဖက်သို့လှည့်ကာ အိပ်‌ေနလိုက်၏

Love Or Hurt (Complete )Where stories live. Discover now