Chapter 10

4.1K 104 0
                                    

Love or Hurt – 10

ဒေါသတကြီးဖြင့် ထွက်သွားတဲ့ အဂ္ဂ ကို လှောင်ရယ်မိတုန်းဖြစ်သည်။ထို့နောက် နှိုင်း ကိုယ်တိုင်ငြိမ်ကျသွားသည်။ အမှန်တိုင်းဝန်ခံရရင် နှိုင်း က Bi မဟုတ်ဘူး အတိအကျ Gay တစ်ယောက်ပဲ မိန်းမတွေကို သူလုံးဝစိတ်မဝင်စားဘူး။ One Night stand ထက်ကျော်လွန်ပြီး အိပ်မိခဲ့တဲ့ အဂ္ဂ ၊ ထိုကောင်လေးကို သူအတော်သဘောတွေ့နေခဲ့တာ။သူနဲ့အိပ်ရတာ ခံစားချက်ကောင်းပြီး အစစ်အမှန်ကိုရှာဖွေတွေ့မိသလိုပဲ။ ဘယ်တော့မှာ အခြားတစ်ယောက်နဲ့ အိပ်စက်ရတာကို မနှစ်မြို့ပေမဲ့ သူ အဂ္ဂ နဲ့ အိပ်ခဲ့မိတယ်။အိပ်ပျော်နေစဥ်တစ်လျှောက်လုံး သူ့အတွက်စိတ်လုံခြုံမှုကိုဖြစ်ပေါ်စေခဲ့သည်။

အဲ့အပြင် Boyfriend type နဲ့ သူ့ Style က နှိုင်း ရဲ့ Idea type အတိုင်း 100% ဖြစ်နေတဲ့သူပဲ။သို့ပေမဲ့ အတည်တကျ ဆက်ဆံရေးတွေကို နှိုင်း ကိုယ်တိုင်စိတ်မဝင်စားပါ။ပြီးတော့ကြာရင်အေးခဲသွားမဲ့ဆက်ဆံရေးတွေကို အစမပြုချင်သလို အချစ်ဆိုတာမယုံချင်ဘူး။ဒါကလည်းမိဘတွေရဲ့ အိမ်ထောင်ရေးကြောင်းလည်းပါမည် ထင်ပါတယ်။

အဂ္ဂ ကိုအရင်က သိပ်သဘောမကျခဲ့ဘူး။အခုတော့ တော်တော်လေးသဘောကျနေမိပြီ။ကာကွယ်ပြီးစိတ်လုံခြုံမှုပေးနိုင်တဲ့ယောက်ျားကို ဘယ်သူကမကြိုက်ဘဲနေမှာလဲ

                            ※※※※

အဂ္ဂ သူ့ရဲ့စားပွဲပေါ်ကပစ္စည်းတွေကိုသိမ်းဆည်းလိုက်ပြီးနောက် ရတီ အနားသို့လျှောက်လာခဲ့လိုက်သည်။ငိုနေသည့်သူမကို လက်ကနေလှမ်းဆွဲလိုက်ရင်း

“သဲ ကိုယ်တို့ပြန်ကြမယ်”

“ဟင် ဘာလို့လဲ ကိုကို”

“ထ ကိုယ်တို့ ဒီကုမ္ပဏီကနေ ထွက်ကုမယ် “

အဂ္ဂ က သူမလက်မောင်းကို ကိုင်ထားပေမဲ့ ရတီ က ရုန်းထွက်လိုက်သည်။မျက်ရည်တွေကိုသုတ်ပြီး

“ကိုကို ဘာတွေပြောနေတာလဲ ဘာလို့ ရတီ တို့က အလုပ်ထွက်ရမှာလဲ”

အဂ္ဂ နဲ့ ရတီ ရဲ့စကားဝိုင်းကိုအခြားသူတွေကလှည့်ကြည့်နေသည့်အခါ အဂ္ဂ လည်းသူမလက်ကို ဆွဲခေါ်လာပြီး လူရှင်းတဲ့နေရာ၌

Love Or Hurt (Complete )Where stories live. Discover now