Chapter 5

5.2K 128 1
                                    

Love or hurt - 5

အိတ်ကပ်ထဲက Car parking card ကိုထုတ်ကြည့်ပြီး ကားကို ရှာရသည်။လမ်းတစ်လျှောက်လုံးတွဲခေါ်လာရတာတော်တော်လေးဒုက္ခရောက်ရပါသည်။ကားပေါ်တင်ပြီး သူ့ကို Belt ပတ်ပေးကာ

“ခင်ဗျား အိမ်က ဘယ်မှာလဲ”

“….”

“သူဌေး အိပ်မနေနဲ့ဦး သူဌေး....ဟာ .... ကျစ်....ကွာ စိတ်ပျက်လိုက်တာ..”

လုံးဝနှိုးမရတဲ့အဆုံး အဂ္ဂ သူ့ရဲ့တိုက်ခန်းကိုသာခေါ်လာခဲ့ရသည်။အိပ်ပျော်နေပြီဖြစ်တာကြောင့် နှိုင်း ကိုပွေ့ချီလိုက်ပြီး 12 လွှာထိ လှေကားဖြင့်တက်ခဲ့ရတာဖြစ်သည်။အဂ္ဂ အခန်းက ကျဥ်းပြီး ကုတင်ကလည်းတစ်ယောက်စာပဲဖြစ်သည်။ကိုယ့်အလုပ်ရှင်ဖြစ်တာကြောင့် အောက်မှာသိပ်လို့မရတာကြောင့် အဂ္ဂ သူ့ကို ကုတင်ပေါ်သို့တင်ပေးရသည်။သူ့ဘေးကကြမ်းပြင်ပေါ်မှာစောင်ပါးပါးလေးခင်းပြီး အဂ္ဂ ကတော့အလွတ်အိပ်ရသည်။ရတီ ကြောင့် ပါတီတူတူတက်ပေးခဲ့တာကို တစ်လျှောက်လုံး ရတိ ကသူ့အနားမနေဘဲ တခြားလူတွေနဲ့ပျော်ပါးနေခဲ့တာ သိသာသည်။စိတ်ညစ်လို့အိပ်မရသည်ထက် အမူးသမားကနိုးလာတော့

“ပူတယ် Aircon ဖွင့်ပေး”

“ဘယ်က Aircon လဲ  ပန်ကာပဲရှိတယ်”

“မင်း ......”

ကုတင်ပေါ်ကနေပြီး အဂ္ဂ ကို ငုံ့ကြည့်ပြီး မူးမူးရူးရုးမျက်နှာပေးဖြင့်စိုက်ကြည့်နေခဲ့သည်။မူးနေတာကြောင့် သူ့ပါးတွေက ရဲတွတ်နေ၏။ပြီးတော့ စကားတွေကတောင်စဥ်ရေမရတွေစပြောတော့သည်။

“အဂ္ဂ……cool boy…. မင်းက အောက်မှာဘာလို့အိပ်နေတာလဲ....ငါဒီညမင်းကိုခေါ်ထားမိလို့လားဟမ်”

“ကျစ်....အိပ်စမ်းပါကွာ”

“ငါက one night stand တွေကို တစ်ခါပဲသုံးတာသိလား မင်းကတော့ခေါ်ထားပြီးပြီဆိုတော့လုပ်ကြတာပေါ့”

ပြောရင်းဆိုရင်း သူ့အဝတ်တွေကိုဆွဲချွတ်ပြီး အဂ္ဂ ပေါ်သို့ခွတက်လာသည်။အဂ္ဂ ရဲ့ တီရှပ်အင်္ကျီကို မရမကဆွဲချွတ်နေတာကြောင့် အဂ္ဂ လည်းချိုင်းမြှောက်ပေးလိုက်တော့ အင်္ကျီကလုံးလုံးကျွတ်ကျသွားတော့သည်။ပြီးလျှင် လည်ပင်းတွေအား ကုန်းနမ်းပြီးပွတ်သပ်လာသည်။မူးနေတာကြောင့် လုပ်သမျှအပြုအမူတွေက တစ်ဝက်တစ်ပျက်ချည့်ပဲ။ပထမတစ်ခါက မူးနေခဲ့ပေမဲ့ အခုလောက်အစိတ်မပျောက်တာကို အဂ္ဂ သိပါသည်။

Love Or Hurt (Complete )Where stories live. Discover now