Chapter 15+16

4.6K 113 1
                                    

Love or Hurt – 15+16

ခွပ်......!

နှိုင်း အားပြင်းပြင်းဖြင့် သူ့ရဲ့မျက်နှာကို ထိုးချပစ်လိုက်သည်။နှိုင်း ရဲ့လက်သီးချက်ကြောင့်  မင်းမာန်ဟိန်း မျက်နှာလည်ထွက်သွား၏။ဘေးနားကရောက်လာသည့်  ကိုပြည့်စုံ က သူတို့ကြားထဲ အလျှင်အမြန်တိုးဝင်ပြီးတားစည်းလာသည်။နှိုင်း လည်း  ကိုပြည့်စုံ ရောက်လာတာကြောင့် ဘာမှဆက်ပြောမနေဘဲ ကားဆီသို့ ဦးတည်ပြီးသွားလိုက်၏။

“ ကိုပြည့်စုံ နောက်တစ်ခါကျရင် ကျွန်တော်ကိစ္စဘာကိုမဆို မင်းမာန်ဟိန်း ကိုမပြောပါနဲ့”

“ဟုတ်ကဲ့ပါ သူဌေး”

နှိုင်း ထိုင်ခုံကိုမှီအိပ်ပြီသက်ပြင်းတစ်ချက်ချလိုက်သည်။ မာမီနဲ့ဒယ်ဒီ ကမိဘတွေကြောင့်လက်ထပ်ခဲ့ကြပြီး နှိုင်း အသက် 5 နှစ်မှာ ဒယ်ဒီနဲ့မာမီကွာရှင်းပြတ်ဆဲသွားကြပြီး နှိုင်း က ဒယ်ဒီနဲ့ကျန်ခဲ့ရသည်။မကြာခင်အချိန်တွင်းမှာပဲ ဒယ်ဒီကနောက်အိမ်ထောင်ပြုခဲ့တယ်။နောက်အိမ်ထောင်နဲ့ပါလာတဲ့ကလေးက နှိုင်း ထက် 3 နှစ်ကြီးတဲ့ မင်းမာန်ဟိန်း ဆိုသူပဲ။ငယ်ငယ်ကတည်းက နှိုင်း တစ်ယောက်တည်းနေထိုင်ခဲ့ပြီး ကျောင်းအဆောင်မှာနေသည်။ကျောင်းပိတ်ရက်တွေဆို ပြင်ဦးလွင်က အဖိုးအဖွားအိမ်မှာပြန်နေလေ့ရှိတော့ ဒယ်ဒီနဲ့လည်းအနေစိမ်း၏။မင်းမာန်ဟိန်း က နောက်အိမ်ထောင်နဲ့ပါလာတဲ့ကလေးဖြစ်ပေမဲ့ ဒယ်ဒီနဲ့ပေါင်းတတ်တော့ ဒယ်ဒီအချစ်တော်ဖြစ်လာခဲ့တယ်။နှိုင်း အသက် 16 မှာ အိမ်ကိုပြန်လာပြီး ygn Uni တက်ရာမှာဖြစ်တာကြောင့် အိမ်ကပဲအသွားအပြန်လုပ်ရသည်။နှိုင်း ငယ်ငယ်ကအကောင်သေးပြီးညှပ်တဲ့ထဲမှာပါသလို မျက်နှာကအမေဘက်နဲ့တူတာကြောင့် နည်းနည်းမိန်းမဆန်သည်။အိမ်မှာလူကြီးတွေမရှိတဲ့အချိန်ဆို မင်းမာန်ဟိန်း က နှိုင်း ဆီရောက်လာတတ်ပြီး ထိကပါးရိကပါး လုပ်လေ့ရှိသည်။သို့ပေမဲ့ နှိုင်း ရှောင်ပြီးနေခဲ့သည်။တစ်ညမှာ သူ နှိုင်း အိပ်နေတုန်း ကျူးလွန်ခဲ့တယ် ထိုအကြောင်းအရာကိုတွေးမိတိုင်း အော်ဂလီဆန် လွန်းသည်။ နှိုင်း  အသက်ငယ်သေးတာကြောင့်ရော ကြောက်တာကြောင့်ပါဘာမှမလုပ်နိုင်ခဲ့ဘူး။

Love Or Hurt (Complete )Onde histórias criam vida. Descubra agora