Chapter 11

4.1K 113 0
                                    


Love or Hurt – 11

အဂ္ဂ တစ်နေ့လည်လုံး အရက်တွေကို အဆက်မပျက်သောက်ရင်း ကြမ်းပြင်ပေါ်မှာ စိတ်ပျက်လက်ပျက် ဖြင့်ထိုင်နေခဲ့သည်။

“ငွေမက်တဲ့မိန်းမ မှန်းသိလို့ ငွေကိုရေလိုသုံးနိုင်အောင် ကိုယ်က Offer လုပ်ပြီး ရှာပေးခဲ့တာကို မင်းက ဟား.... သူဌေးကိုတွေ့တာနဲ့ဘကိုယ့်ကို ပစ်သွားတယ်ပေါ့ မင်းစိပ်အထင်ကြီးနေတဲ့ အဲ့သူဌေးက မင်းကို 3 ရက်နဲ့လိုက်မယ်ဆိုပြီးကိုယ့်ကိုပြောခဲ့တာ ဒါပေမဲ့ သုံးရက်တောင်မကြာဘူး 3 မိနစ်နဲ့ မင်းကို ရသွားတာ

၁၃ နှစ်ကြာ ကိုယ်တို့ရဲ့အချစ်ရေးက သုံးမိနစ်လောက်နဲ့ အမှိုက်တန်းဖြစ်သွားတယ်တဲ့လေ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ

ရတီ ကိုယ်မင်းသနားတယ်သိလား  မင်းလိုမိန်းမမျိုး ကို အခုချိန်မှာ လမ်းခွဲလိုက်နိုင်တာ ကိုယ်ကံကောင်းတာထင်တယ် ဟွန်း...”

အဂ္ဂ စိတ်ထဲမှာ နာကျင်နေသည်။ထိုအရာ က နှိုင်း အပေါ်ရှုံးနိမ့်လိုက်တာကြောင့် ယောက်ျားတစ်ယောက်အနေနဲ့ ရှက်စိတ်ဝင်မိတာပဲ။ ကိုယ်နဲ့ 13 နှစ်ကျော် တွဲလာတဲ့ မိန်းကလေးကို လုယူခံလိုက်ရတာ ကိုယ်ကချစ်ပေးနေပါလျှက်နဲ့ ငွေမျက်နှာကိုကြည့်ပြီး အဂ္ဂ ကိုလမ်းခွဲမယ်ဆိုတဲ့စကားနဲ့ပစ်သွားခဲ့တဲ့ မိန်းမကို ရွံရှာမိပြန်သည်။နာကျဉ်းပြီး မုန်းတီးမိသည်။ ရှုပ်ထွေးနေတဲ့ခံစားချက်တွေကို အရက်နဲ့မျှောချပစ်နိုင်ဖို့မျှော်လင့်မိပါသည်။

နောက်တစ်ရက် မိုးလင်းလာသည်နှင့် အဂ္ဂ ခံစားရသမျှတွေကို သေသေခချာ ရှင်းလင်းလိုက်ပြီး ပထမဆုံး ဆံပင်ညှပ်ဆိုင်သို့သွားကာ ဆံပင်ပုံစံချိန်းလိုက်သည်၊ထို့နောက် အဂ္ဂ eketတစ်ခုသို့ဝင်ပြီး လိုအပ်တာတွေဝယ်လာခဲ့သည်။ဆယ်ကျော်သက်အရွယ်ကတည်းက တွဲလာခဲ့တဲ့ မိန်းကလေးဖြစ်သလို အခုမှ ချစ်သူနဲ့လမ်းခွဲဖူးခဲ့ပေမဲ့ ကိုယ့်ကိုမလိုအပ်တဲ့သူအတွက် နာကျင်ပေးဖို့အချိန်ကို တစ်ရက်ထပ်အချိန်ပိုမပေးချင်ခဲ့ပါ။ ကိုယ့်ချစ်သူမဟုတ်တော့တာကြောင့် ကာကွယ်ပေးဖို့စိတ်ကူးလည်းမရှိတော့ဘူး သူဘာလိုအပ်နေမလဲ ဆိုတဲ့ပူပန်စိတ်လဲ မရှိတော့ဘူး။move on ဖို့ဆိုတာ တစ်ချို့လူတွေအတွက် ခက်ခဲကြသလို အဂ္ဂ အတွက်လည်း လွယ်ကူတဲ့အရာတော့မဟုတ်ဘူး။ဒါပေမဲ့ ရတီ ရဲ့လုပ်ရပ်ဟာ အဂ္ဂ ရဲ့ မာန နဲ့ သိက္ခာကိုထိပါးလိုက်သလိုခံစားရသည်။

Love Or Hurt (Complete )Where stories live. Discover now