Chapter 21-23

4.5K 124 0
                                    

Love or Hurt – 21+22+23

အဂ္ဂထွက်သွားသည်ကို နှိုင်း လှည့်မကြည့်နိုင်ခဲ့ပါ။နှိုင်း ကိုသူ ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူးတဲ့ ရတယ် မချစ်လည်းရတယ် ဒီအတိုင်း ကိုယ်က မင်းကို ပိုင်ဆိုင်ချင်တာဆိုရင်ရော မင်းကိုယ့်ကိုမချစ်ဘူးဆိုရင် မင်းရဲ့ဂရုစိုက်မှုတွေ နွေးထွေးမှုတွေကဘာတွေလဲ။ကိုယ်မင်းကိုလိုချင်တယ် မင်းရဲ့နွေးထွေးမှုတွေကို လိုချင်ရုံသက်သက်ပဲ

နှိုင်း စိတ်ပျက်မိသည်။အရာအားလုံးကိုစိတ်ပျက်မိသည်။သူလိုချင်တဲ့အရာဆိုတာရှားသည်။လိုချင်ရင် ရအောင်ယူနိုင်တဲ့သူ့အတွက်မရလိုက်သည့်အရာဆိုတာကလည်းရှားပါးလွန်းသည်။ထိုအရာတွေထဲမှာ အဂ္ဂလည်းပါမယ်ထင်တယ်။ နှိုင်း ကိုယ်တိုင်လည်းအချစ်ဆိုတာကိုယုံကြည်တဲ့သူမဟုတ်ဘူး ဒီအတိုင်း နွေးထွေးတဲ့မိသားစုကိုလိုချင်ရုံပဲ။ နှိုင်း အိမ်သို့အမြန်လာပြီး တစ်ချိန်လုံး အတွေးတွေထဲ ပတ်ချာလည်နေခဲ့သည်။တစ်ခုခုကိုပိုင်ဆိုင်ချင်သည်။အဲ့အတွက် ဘယ်လိုအရာတွေလိုအပ်လဲ ။ ဘာတွေလုပ်သင့်လဲဆိုတာ

                      ※※※※

Ting…..

“Hello မင်းဇေ ပြော”

“အဂ္ဂမင်းဂေဟာကိစ္စမသိသေးဘူးလား ငါ့ကိုအခုပဲ  ကြီးကြီးဖုန်းဆက်လို့”

“ဘာဖြစ်လို့လဲ ငါ့ကို ဖုန်းတော့ခေါ်ထားတာတွေ့တယ် အလုပ်ထဲမှာမလို့ မကိုင်လိုက်မိတာ”

“အေး မင်းနေ့လည်ပိုင်းခွင့်ရရင် လာလိုက် အဂ္ဂပြသနာတက်နေပြီ”

“ဟေဟာမှာလား ဘာဖြစ်တာလဲပြောဦးလေ “

“လာခဲ့လိုက် ပြောနေရင်ကြာတယ်”

မင်းဇေ နဲ့ဖုန်းပြောပြီးတာနဲ့ အဂ္ဂနေ့တစ်ပိုင်းခွင့်ယူလိုက်ပြီး ဂေဟာသို့ပြေးရသည်။ ဂေဟာသို့ရောက်လာတော့ ခြံရှေ့မှာ ကရိန်းကားတွေ ဆယ်စီးလောက်ရောက်နေပြီးခြံထဲမှာ လည်း စုရုံးနေ၏။ကြီးကြီးကလည်း ငိုနေပြီး ကျန်တဲ့ ဂေဟာမှာရှိတဲ့လူတွေအားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။

“မင်းဇေ”

“လာ ဒီမှာကွာ ဂေဟာအလှူရှင်က ခြံကိုရောင်းလိုက်ပြီတဲ့ ပိုင်ရှင်အသစ်က ဘာမှကြိုမပြောဘဲ ဂေါ်တွေနဲ့လာကော်နေတာ “

Love Or Hurt (Complete )Where stories live. Discover now