Chapter 17+18

4.5K 127 2
                                    

Love or Hurt – 17/18

နှိုင်း ကဆွေးမြေ့စွာရင်ဖွင့်လာသည့်အခါ အဂ္ဂ နှိုင်း ရဲ့မျက်နှာလေးကိုသာစိုက်ကြည့်နေခဲ့သည်။ဒီလူ့မှာ အားနည်းတဲ့အချိန်ဆိုတာ ရှိတာပဲလို့တွေးမိတာ မုန်းတာလေးနည်းနည်းလျော့သွားသလိုပင်။

“ကိုယ့်ဒယ်ဒီက နောက်အိမ်ထောင်ပြုတယ် နောက်အိမ်ထောင်နဲ့ပါလာတဲ့ သားကို ဒယ်ဒီကအတော်လေးအရေးပေးတယ် လေ ကိုယ်ကတော့အဲ့တာတွေကိုမမြင်ချင်လို့ ပြင်ဦးလွင်မှာ အဖွားနဲ့ပြန်နေလိုက်တယ်။ကိုယ်တက္ကသိုလ်တက်တော့ ygnကိုပြန်လာပြီး အိမ်မှာပြန်နေတယ် တစ်ရက် ......အဲ့ကောင်......”

“ခင်ဗျားမပြောချင်ရင်ကျော်လိုက်လို့ရတယ်”

“အဲ့ကောင် ကိုယ့်ကို.....ဖျက်ဆီးပစ်ခဲ့တယ်”

အဂ္ဂ ထိုစကားကိုကြားလိုက်ရတဲ့အခါ လက်ထဲမှာကိုင်ထားတဲ့ Beer ဘူးကပိန်လိမ်သွား၏။သူကိုယ်တိုင်တောင်မသိဘဲ ဒေါသထွက်မိပြီး အရာအားလုံးဖျက်ဆီးပစ်လိုက်ဖို့အထိ ဆန္ဒရှိနေခဲ့တာ။နှိုင်း မျက်ရည်ကျလာတာကိုတွေ့တော့ နှိုင်း ဘက်ကို လျှောက်သွားလိုက်ပြီး ရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်။နှိုင်း က ငိုသည်။အသံထွက်အော်ငိုနေပြီး သူ့လက်တွေတုန်နေတာကို အဂ္ဂ ခံစားမိပါသည်။အထက်တန်းပြီးကာစတဲ့လား အသက် 16 နှစ်လေးပဲရှိသေးတဲ့ အချိန် သူ့ဘဝဖျက်စီးခံခဲ့ရတာပေါ့ ။အချိန်ခဏလေးအတွင်းမှာ ဒီမာနကြီးပြီး မုန်းစရာကောင်းတဲ့သူကို သနားမိသွားသည်။ တုန်ယင်ဆဲဖြစ်နေတဲ့ နှိုင်း ရဲ့ကိုယ်လေးကိုတင်းကြပ်နေအောင် ပွေ့ဖက်ပေးထားပြီး နှစ်သိပ်ပေးနေပေမဲ့ နှိုင်း က ကြောက်နေဆဲဆိုတာကို ခံစားရပါသည်။

“ကျွန်တော်ရှိတယ် အဲ့ကိစ္စကို ထပ်ပြီးမတွေးနဲ့တော့ “

“ဟင့်....အဲ့ကောင်ကို ကိုယ်သိပ်ရွံတာပဲ အဲ့တာကြောင့် ကိုယ့်ခန္ဓာကိုယ်ပေါ်ကသူ့ရဲ့ အငွေ့အသက်တွေကိုအမြဲဆေးကြောပြီးဖယ်ပစ်ချင်ခဲ့တာ။ကိုယ်ညဘက်တွေဆိုလုံလုံခြုံခြုံမအိပ်ရဲတဲ့အထိပဲ  ကိုယ်အိပ်ပျော်သွားရင် သူရောက်လာမယ်ဆိုတဲ့ စိတ်က..... ကိုယ့်ကိုအမြဲသတ်နေတာ.....ကိုယ်အရက်တွေသောက်တယ် ကိုယ်တခြားသူတွေကိုငွေပေးပြီးငှားအိပ်တယ် တစ်‌ေ ယာက်ပြီးတစ်ယောက်နဲ့ ဖြတ်သန်းပြီး ညတွေကိုအိပ်စက်ခဲ့ရတယ်”

Love Or Hurt (Complete )Where stories live. Discover now