Chapter 9

4.6K 133 4
                                    

Love or Hurt – 9

ရုံးပြန်ဖွင့်တဲ့ရက်၌ အစည်းအဝေးကရုံးတက်ချိန်နဲ့ 15 မိနစ်လောက်ပဲကွာ၏။ထို့ကြောင့် နှိုင်း ကိုယ်တိုင်လည်း ရုံးဝန်ထမ်းတွေနဲ့အတူရုံးတက်ချိန်တူနေ၏။ဓာတ်လှေကားထဲဝင်လိုက်ပြီးနောက် ဝန်ထမ်းတော်တော်များများရှိနေတဲ့အပြင် အဂ္ဂ နဲ့ ရတီ တို့လည်းရှိနေကြသည်။နှိုင်း အနောက်ကပ်လျှက်မှာ ရတီ ရှိနေပြီး အပေါ်သို့တက်လာတဲ့တစ်လျှောက် နှိုင်း ရဲ့လက်ကို မသိမသာလာထိနေ၏။ပထမတစ်ခါရှောင်လိုက်ပြီး  အထပ်သို့ရောက်တော့ တစ်ချို့ကရုံးချိန်နောက်မကျအောင် အမြန်ထွက်သွားကြသည်။အနောက်မှနေ၍ ရတီ က နှိုင်း ကျောဘက်ကို သူမရင်သားများဖြင့်တိတ်တဆိတ်မတော်တဆထိတွေ့သွား၍ နှိုင်း အနောက်သို့လှည့်ကြည့်လိုက်မိသည်။

“သူဌေး Sorry ပါနော်”

နှိုင်း သူမကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အဂ္ဂ ကိုလှမ်းကြည့်လိုက်သည်။သူ့ချစ်သူမိန်းကလေးဘယ်လိုလုပ်နေတယ်ဆိုတာသူမသိဘူးတဲ့လေ။နှိုင်း တစ်ချက်လောက်စိုက်ကြည့်ပြီး ရုံးခန်းရှိရာသို့ထွက်လာခဲ့တော့သည်။

ဝန်ထမ်းတွေနဲ့လစာကိစ္စတိုးပေးထားကြောင်းနှင့် ကျေးဇူးတင်ကြောင်းပြာပြီး အစည်းအဝေးပိတ်သိမ်းလိုက်သည်။ရတီ  က နှိုင်း ဆီသို့သိသိသာသာချဥ်းကပ်နေမှန်း နှိုင်း ရိပ်မိလာသည်၊အကြည့်ချင်းဆုံလျှင် ရှက်ပြုံးပြုံးပြီး ရဲရဲတင်းတင်းစိုက်ကြည့်တာမျိုးတွေလုပ်သည်။

လက်မှတ်ထိုးဖို့ စာချုပ်တွေလာပို့တဲ့အခါဆို သူမရင်သားကို တမင်လှစ်ပြတဲ့အထိ ဆိုးလာခဲ့သည်။နှိုင်း လည်းမိန်းမတွေစိတ်မဝင်စားတာကြောင့် မရှိသလိုသာသတ်မှတ်ထားမိသည်။

“ရတီ  မင်းအင်္ကျီ ကြယ်သီးကိုလုံလုံခြုံခြုံနေရာထိတပ်ထားလိုက်ပါ “

“ရှင်…”

“စာချုပ်လာပို့မယ်ဆို သက်ဆိုင်တဲ့ ဝန်ထမ်းကိုပဲလာပို့ခိုင်းပေးပါ မင်းခဏခဏလာနေတာက ကိုယ့်ကိုအနှောက်အယှက်ဖြစ်စေတယ်”

“သူဌေး ကျွန်မကလေ”

“စာချုပ်စာတမ်းတွေထားခဲ့လိုက်ပါ မင်းသွားလို့ရပြီ”

Love Or Hurt (Complete )Where stories live. Discover now