Chapter 12

4.3K 119 4
                                    

Love or Hurt – 12

အဂ္ဂ ကိုယ်တိုင်က ဘွဲ့ရတစ်ယောက်ဖြစ်ပေမဲ့ တက္ကသိုလ် ကောင်းကောင်းက မဟုတ်တာမို့ အလုပ်ရဖို့ခက်ခဲသည်။တစ်ရက်တစ်ရက်  အလုပ်ရှာခဲ့ပေမဲ့ မရတာမို့ ကုမ္ပဏီ အလုပ်အစား Hotel တစ်ခုမှာ Waiter အဖြစ်အလုပ်လျှောက်ကြည့်တော့ အလုပ်ရသွားသည်၊ရတီ မရှိတော့တာကြောင့် လစာ ကသိပ်ပြီး အရေးတကြီးမဟုတ်တော့ဘူး။တစ်လစာ သူစားသောက်စရိတ်နဲ့ အိမ်လခ ပြီးတော့ ဂေဟာကိုလှူဖို့အလှူစရိတ် ထိုအတွက်ပူပန်စရာပဲလိုတော့တာ

Hotel က Waiter လစာက စားသောက်စရိတ်နဲ့ နေထိုင်စရိတ်ရတာကြောင့်  ည 9/10 အတွင်းလက်ကမ်းစာစောင်ဝေဖြစ်သည်။11နောက်ပိုင်းကနေ မနက် 3 နာရီအထိ ညဘက် food deli ပို့ပေးသည်။ညဘက်ဆိုပေမဲ့ ကုမ္ပဏီ ညစိုင်းသမားတွေကအမှာများသည်ကြောင့် ထိုအလုပ်ကနေငွေပိုငွေလျှံလေးရသည်။တစ်ရက်ကို 4 နာရီသာအိပ်ရပေမဲ့ အဂ္ဂ အတွက် အဆင်ပြေ၏။

                            ※※※※

နှိုင်း နဲ့ အဂ္ဂ မဆုံဖြစ်ကြတာ 2 လလောက်ကြာသွားခဲ့သည်။အဂ္ဂ နဲ့သူနောက်ဆုံးအိပ်ပြီးကတည်းက နှိုင်း ဘယ်သူနဲ့မှလုပ်ချင်စိတ်မရှိခဲ့ဘူး။သူ့ခန္ဓာကိုယ်ကလူတစ်ယောက်ကိုအတည်တကျသတ်မှတ်လိုက်ပုံရသည်။ပထမက နှိုင်း လျစ်လျူ ရှုခဲ့ပေမဲ့ ကြာလညတော့ အဂ္ဂ အကြောင်းသတင်းတစ်ခုခုကိုကြားချင်လာခဲ့သည်။ထို့ကြောင့် အတွင်းရေးမှုး ရတီ ကို အဂ္ဂ အကြောင်းနည်းနည်းပါးပါးစုံစမ်းရန်အကုအညီတောင်းခဲ့ပါသေးသည်။မကြာပါဘူး သူ့ရဲ့လှုပ်ရှားမှုတွေကိုသိလိုက်ရတယ်။

နှိုင်း ကိုယ်တိုင်စိတ်လှုပ်ရှားစွာဖြင့် ပြအဂ္ဂင်ဆင်ခြယ်သနေမိခဲ့သည်။သူဒီည A hotel မှာ ညစာသွားစားမှာ။အကြောင်းအရင်းကအဂ္ဂ က ထို Hotel မှာ waiter လုပ်နေသည်ဆိုတာကြောင့်ပဲ ။

A hotel သို့ရောက်တဲ့အခါ Waiter တစ်ယောက်က နှိုင်း ဆီသို့ menu ကမ်းပေးလာသည်။

“အဂ္ဂမောင် ဆိုတဲ့ တစ်ယောက် ရှိလား”

“ဟုတ်ရှိပါတယ် ဆရာ”

“သူ့ကိုလွှတ်ပေးလို့ရမလား”

“ဟုတ် ကျွန်တော် လွှတ်ပေးလိုက်ပါ့မယ်”

Love Or Hurt (Complete )Where stories live. Discover now