[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.6K 365 3
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၆)။

ရွှီယန့်မှာသိသိသာသာကိုအေးခဲသွားလေသည်။

အိမ်တော်ထိန်းကပထမထပ်မှာရှိနေသဖြင့် လင်ခုံးလုပြောတာကိုသေချာမကြားလိုက်ပေ။ သူကအလျင်စလိုအပေါ်ထပ်တက်လာပြီးမေးလာသည်။
"သခင်လေး၊ ဘာပြောလိုက်တာလဲခင်ဗျ?"

ရေချိုးပေးဖို့ယွမ်၈၈၀၀၀ဆိုတာက?

လင်ခုံးလုကထိုင်ခုံမှရုန်းထွက်ကာတစ်ဝက်ဖွင့်ထားသောတံခါးဆီအော်ပြောလိုက်သည်။
"ငါပြောတာက၊ ငါ့အတွက်ပြုစုစောင့်ရှောက်သူတစ်ယောက်ငှားလိုက်၊ တစ်လကိုလစာယွမ်၈၈၀၀၀ပေး..."

သူပြီးအောင်မပြောရသေးခင် ရွှီယန့်ကရုတ်တရက်သူ့ပါးစပ်ကိုအုပ်ကာသူ့ကိုထိုင်ခုံဆီပြန်တွန်းချလိုက်သည်။

"ဝူးဝူးဝူး.." မင်းဘာလုပ်တာလဲ။

လင်ခုံးလုသူ့ကိုမျက်လုံးပြူးကြည့်လိုက်မိသည်။

"တိတ်တိတ်နေ။" ရွှီယန့်ကစိတ်သိပ်ကောင်းနေပုံမရဘဲ သူ့ကိုထိုင်ခုံမှာပိတ်လှောင်ကာအသံတိုးလိုက်သည်။

သခင်လေးကအရေးမစိုက်ပေ။ သူကပါးစပ်ဟကာသူ့ကိုကိုက်ဖို့ကြိုးစားလိုက်ပေမဲ့ သူ့ပါးစပ်ကိုအုပ်ထားသောကြောင့် သူ့ကိုဟမ်းစတားလိုမျိုးအကိုက်သေးသေးလေးသာကိုက်လိုက်နိုင်ပြီး သွားသေးသေးလေးများကတစ်ဖက်လူ၏လက်ဖဝါးကိုခြစ်မိသွားကာ စိုစွတ်စွတ်သွားရာတစ်ခုချန်ထားခဲ့သည်။

ကိုက်ပြီးနောက်မှ တစ်ဖက်လူလက်မဆေးရသေးမှန်းသတိရသွားသည်။ မဖြစ်ဘူး၊ သူသွားတိုက်ရမယ်။

ရွှီယန့်မှာလက်ဝါးထဲတွင်ထုံကျင်သွားပြီး အိမ်တော်ထိန်းအပေါ်ထပ်တက်လာသည့်​ခြေသံများကသူ့အနားထဲဝင်လာပြန်သည်။ သူသူ့ရင်ခွင်ထဲကကောင်လေးကိုရုတ်ခြည်းလွှတ်ပေးလိုက်ပြီး ထရပ်ကာတံခါးဆီမြန်​မြန်လျှောက်သွားပြီး တံခါးကိုဘန်းခနဲပိတ်ချလိုက်ပြီးနောက်လော့ချလိုက်သည်။

လင်ခုံးလုကြောင်အမ်းသွားရကာ အော်ဖို့ပင်မေ့သွားပြီး သူ့ကိုဗလာကျင်းစွာစိုက်ကြည့်နေမိသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now