[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.8K 370 7
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၈)။

ချန်ပေါ်၏သေဆုံးမှုမှာအနည်းငယ်ဆိုးဝါးလှသည်။

ရဲတိုက်ထဲကကန်ထုတ်ခံရပြီးနောက် သူကျွန်းပေါ်ကဟိုတယ်မှာနေထိုင်ခဲ့သည်။

ဟိုတယ်ပိုင်ရှင်၏အဆိုအရ တစ်ဖက်လူဟာမနေ့ညကထွက်သွားခဲ့မှန်းတဝိုးတဝါးကြားခဲ့ပေမဲ့ ထိုစဥ်ကသူမူးဝေနေခဲ့သဖြင့် အချိန်အတိအကျမသိဘူးဟုဆိုသည်။ ဧည့်သည်ကစောစောထပြီးနေထွက်ချိန်ကိုသွားကြည့်ချင်နေသည်ဟုထင်ခဲ့မိသည်။

သူဒီမနက်နိုးလာတော့ ပိုင်ရှင်မှာတစ်ခုခုမှားနေမှန်းသဘောပေါက်သွားသည်။ ချန်ပေါ်ကနေထွက်ချိန်မဟုတ်ဘဲညလယ်ခေါင်ကြီးအပြင်ထွက်သွားခြင်းဖြစ်ပြီး ဒီရက်ပိုင်းမှာတိုင်ဖုန်းမုန်တိုးရှိသဖြင့် မနေ့ကတည်းကကျွန်းမှာတိမ်ထူလို့နေပြီး ပတ်ဝန်းကျင်ကိုသေချာမမြင်ရပေ။

"အဲ့တုန်းကအခြေအနေကမကောင်းတော့မှန်းသိလိုက်တယ်။ သူကညလယ်ခေါင်ကြီးအပြင်ထွက်သွားပြီးတော့ အချိန်အရမ်းကြာသွားတာတောင်ပြန်မလာဘူးလေ။ သူ့ကိုပင်လယ်မိစ္ဆာဆွဲခေါ်သွားတာဆိုရင်ရော..."

ဟိုတယ်ပိုင်ရှင်မှာဟွမ်မျိုးရိုးဖြစ်ပြီး သက်လတ်ပိုင်းအရွယ်ဝဖိုင့်ဖိုင့်လူတစ်ယောက်ဖြစ်ကာ သူ့မျက်နှာမှာဖြူဖျော့လို့နေပြီး သူအလောင်းကိုဘယ်လိုရှာတွေ့ခဲ့လဲဆိုတာကိုဖော်ပြနေသည်။

ရဲတိုက်ကားကျွန်းမှာပုံမှန်မဟုတ်သောအဆင့်အတန်းရှိသည်။ ကျွန်းသူကျွန်းသားများ၏မျက်လုံးထဲမှာ ရဲတိုက်၏ပိုင်ရှင်နှင့်အိမ်တော်ထိန်းကဗဟုသုတရှိကာစွမ်းဆောင်ရည်ရှိသောလူများဖြစ်ကြသည်။ ကျွန်းပေါ်မှာတစ်ခုခုဖြစ်လာရင် လူတိုင်းကသူတို့ကိုရှာလေ့ရှိသည်။

အတိအကျပြောရရင် အိမ်တော်ထိန်းကိုရှာတာဖြစ်သည်။ အဆုံးမှာတော့ရဲတိုက်ပိုင်ရှင်မှာကျွန်းကိုလာခဲပြီး မကြာမဏမမြင်ရပေ။

ထို့အပြင်ဒီခရီးသွားကိုရဲတိုက်ထဲကကန်ထုတ်ခဲ့ခြင်းပင်။ ဒီလိုမျိုးတစ်ခုခုဖြစ်လာတော့ သူဌေးဟွမ်ကထုံးစံအတိုင်းအိမ်တော်ထိန်းကိုအရင်သတင်းပို့လေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now