[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။

1K 281 6
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၆)။

လင်ခုံးလုမှာဟော့ရှီစစ်ကသူ့ကိုလျစ်လျူရှူထားတာမြင်တော့ မျက်နှာဖုံးကိုချွတ်ပြီး ကုသရေးကုတင်ဆီလျှောက်သွားကာ ခါးကိုင်းပြီးဆက်ပြောလိုက်သည်။
"မင်းသဘောကျတဲ့လူကဘယ်သူလဲ။ သူကကိုယ်တော့်လောက်ချောလို့လား။"

သူသူ၏လှပသောမျက်ဝန်းတစ်စုံကိုကျယ်ကျယ်ဖွင့်ပြီးပြောလိုက်ရင်း ဦးမျှင်နှင့်ဟော့ရှီစစ်၏မျက်တောင်များကိုတမင်ယားအောင်လု​ပ်ကာတွေးလိုက်မိသည်: ငါမယုံဘူး။ မင်းဘေးမှာငါစပိုင်လုပ်တုန်းက ဟဲ့ရှောင်းနဲ့ဝမ်းဟောင်ယွိကလွဲပြီးတော့မင်းအနားကိုလူတစ်​ယောက်မှကပ်လာတာမတွေ့ဖူးဘူး။

ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိကတော့သေချာပေါက်မဖြစ်နိုင်ဘူး။ ဟဲ့ရှောင်းမှာချစ်သူရှိတယ်။ ဝမ်းဟောင်ယွိကတော့ အဲ့ကောင်လေးကသူ့ကိုမြင်ရင်ရှက်သွေးဖြာတတ်ပေမဲ့ဟော့ရှီစစ်ကိုမြင်ရင်တော့မဖြစ်ဘူး။

ဒါဆို....မင်းပြောတဲ့တစ်ယောက်ကငါတော့မဟုတ်ဘူးမလား။

ဒါပေမဲ့မဖြစ်နိုင်ဘူး။ အဲ့တုန်းကသူတစ်ဖက်လူကိုထိခိုက်မှုအများကြီးဖြစ်စေခဲ့တာ။ တစ်ဖက်လူဇာ့ဂျ်ဖမ်းတာခံရတာသူ့စနက်ပါတယ်လို့ပြောလို့ရတယ်။

သူတွေးနေစဥ်ဟော့ရှီစစ်ကရုတ်ခြည်းမျက်လုံးဖွင့်ကြည့်လာတော့လင်ခုံးလု၏မျက်နှာထားအေးခဲသွားသည်။

ဟော့ရှီစစ်မှာအစကသူ့ကိုအာရုံမစိုက်ချင်ပေမဲ့သူ့မျက်တောင်မွှေးများမသိမသာယားကျိကျိဖြစ်သွားတော့ဖွင့်ကြည့်လိုက်မိပြီးနောက် သူအပြုံးမျက်ဝန်းတစ်စုံနှင့်ဆုံလေသည်။

ဟော့ရှီစစ်မသိမသာတောင့်ခဲသွားရကာ ချောင်းအာကိုတွေးမိသွားသည်။

ဒါပေမဲ့ဒီအခိုက်အတန့်ကသူတို့မျက်ဝန်းထဲကအကြည့်ကလွဲရင် ဇာ့ဂျ်ဘုရင်မနှင့်ချောင်းအာကြားမှာဆင်တူမှုလုံးဝရှိမနေဘူး။ ပြီးတော့ချောင်းအာကိုဇာ့ဂျ်ကဆွဲသွားတာ....

ဟော့ရှီစစ်၏နှလုံးသားတင်းကြပ်သွားရကာ မျက်စိတစ်မှိတ်အတွင်းသူ့စိတ်ထဲမှာအတွေးတစ်ခုရုတ်တရက်ဖျတ်ခနဲပေါ်လာသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now