[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။

1.1K 275 4
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၀)။

သီအန်းမှာဝမ်းဟောင်ယွိ၏ဇဝေဇဝါအကြည့်ကိုမြင်တော့မနေနိုင်ဘဲကရုဏာသက်မမိသွားသည်။
"ဘာလို့ငါ့ထက်တုံးတဲ့လူရှိနေရတာပါလိမ့်မယ်? အနာဂတ်မှာသတိမရှိရင်ဒီနက်ရှိုင်းတဲ့နန်းတော်ကြီးထဲမှာမင်းမာရှယ်ကိုဘယ်လိုလုပ်ကူတိုက်ခိုက်ပေးနိုင်မှာလဲ။"

ဝမ်းဟောင်ယွိ: "?" ဘာအတွက်တိုက်ခိုက်ရမှာလဲ။

သီအန်းကဒါကိုမြင်တော့သက်ပြင်းချလိုက်မိပြီးကိတ်မုန့်နောက်တစ်ကိုက်ကိုက်ကာစားနေရင်းပြောလိုက်သည်။
"ကြည့်လေ၊ ငါတို့တွေမင်းတို့ကိုအနိုင်ရခဲ့တော့ မင်းတို့ကမာရှယ်ကိုဆက်သတယ်။ ငါတို့ပုရွက်ဆိတ်မျိုးနွယ်ကိုအနိုင်ရခဲ့တော့ပုရွက်ဆိတ်မျိုးနွယ်ကသူတို့မျိုးနွယ်ထဲကအလှဆုံးကောင်လေးကိုဆက်သတယ်။ ဒီလိုသာဆက်သွားနေရင် ငါတို့တိုက်ပွဲများများနိုင်လေလေ အရှင့်အနားမှာကောင်ချောလေးတွေပိုများလာလေလေမဟုတ်ဘူးလား။"

ဝမ်းဟောင်ယွိ: "??" ငါတို့မာရှယ်ကိုယဇ်ကောင်အနေနဲ့ဆက်သတယ်လို့ဘယ်သူပြောတုန်း?

"ဒီတော့ငါတို့ရှိနေတဲ့ညီအစ်ကိုတွေကပူးပေါင်းပြီးတော့ နန်းတော်ထဲမှာကောင်ချောလေးတွေများလာတာကိုကာကွယ်ရမယ်။ မဟုတ်ရင်ဟောတစ်ယောက်ဟောတစ်ယောက်ရောက်လာမှာ။ ဒီလိုဆက်သွားနေရင်နန်းတော်မှာအခန်းမလောက်လောက်တော့ဘူး။"
သီအန်းကစိတ်ပူတကြီးဆိုသည်။

ဝမ်းဟောင်ယွိ: "......." အဲ့ဒါမမှန်ဘူးမလား။ မင်းတို့အရှင်ရဲ့ခန္ဓာကိုယ်ပိန်ပိန်​လေး...မဟုတ်သေးပါဘူး၊ ဒါကသူတို့မာရှယ်နဲ့ဘာဆိုင်လို့တုန်း?

"မင်းအချိန်ရရင်မင်းတို့မာရှယ်ကိုအကြံသွားပေးလိုက်အုံး။"
သီအန်းကအကြုံပြုလာပြန်သည်။
"ငါ့အထက်သူ့ကြည့်ရတာနည်းနည်းတင်းကြပ်နေပြီးတော့သူ့ရဲ့မာနကိုမလွှတ်ချနိုင်သေးတဲ့ပုံပဲ။ ဒါမကောင်းဘူးနော်။ အရှင်ကသူ့ကိုစိတ်ဝင်စားနေသေးလို့အဆင်ပြေနေတာ။"

"ငါတို့ကမျက်နှာသာရဖို့အတွက်ယှဥ်ပြိုင်တာမျိုးမလုပ်ရင်အခြားဇာ့ဂျ်တွေကအရင်လုပ်သွားလိမ့်မယ်။ ငါတို့ဘဝင်လေဟပ်နေရင်နောက်ကျနောင်တရလိမ့်မယ်၊ ဒါပေမဲ့အဲ့အခါကျတော့တအားနောက်ကျသွားပြီ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now