[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။

1.1K 273 8
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၆)။

လင်ခုံးလုမှာဖြစ်စဥ်ကဒီလောက်မြန်သွားလိမ့်မည်ဟုမထင်ထားမိဘဲ လေထုကိုတမင်ချိုးဖျက်လိုက်သည်။

ဘာပဲဖြစ်ဖြစ်ပါ၊ အဲ့စကားကိုဟော့ရှီစစ်ကိုယ်တိုင်ပြောခဲ့တာပဲလေ၊ သူကသူ့ကိုငြင်းဖို့ပြောလိုက်ရုံပဲ။

အရေးကြီးအရာကဒီလိုကောင်းမွန်တဲ့စကားလုံးကြောင့်မကောင်းတဲ့စိတ်တန်ဖိုးကမလျော့သွားဘူး။

"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၁။"

လင်ခုံးလု: အေးပါ။

"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၁၊ လက်ရှိမကောင်းတဲ့စိတ်တန်ဖိုး၉၅။"

လင်ခုံးလု: အေးပါဆိုနေမှ!

ဒီအခိုက်အတန့်၌ဟော့ရှီစစ်မျက်နှာမှာသေချာပေါက်ကိုသိပ်မကောင်းလှဘဲ အနည်းငယ်ပင်မည်းတူးသွားသည်။ သူလွန်ခဲ့သောရက်အနည်းငယ်ကိုပြန်သွားပြီး ထိုအချိန်ကသူကိုယ်တိုင်၏ပါးစပ်ကိုအပြင်းအထန်ပိတ်ပစ်ချင်လှသည်။

မင်းမကောင်းတာပြောလိုက်ရင်မင်းကိုယ်မင်းထိလိမ့်မယ်။

လင်ခုံးလုစိတ်ကောင်းဝင်နေပြီးအပြုံးတစ်ပွင့်ဆောင်လျက်ပြောလိုက်သည်။
"မာရှယ်ဒီနေ့ကောင်းကောင်းလုပ်ခဲ့တာပဲ။ ကိုယ်တော်မင်းကိုနည်းနည်းသဘောကျတယ်၊ နည်းနည်း​လေးပဲနော်။ မင်းအလုပ်ဆက်ကြိုးစားဖို့လိုတယ်။ အဆုံးမှာတော့....မင်းမှာပြစ်ချက်ရှိရင်မင်းဒုက္ခရောက်မှာပဲ။ ကိုယ်တော့်ရဲ့အခြေခံရမှတ်ကတော်တော်လေးနိမ့်တယ်။ ဒီတော့မင်းကိုယ်တော့်ကိုအရမ်းကြိုက်အောင်လုပ်မှရမှာ..."

ဟော့ရှီစစ်နားမထောင်နိုင်တော့ဘဲအံကြိတ်ကာပြောလိုက်မိသည်။
"ကျွန်တော်မလုပ်ခဲ့...."

ထိုစဥ်ဇာ့ဂျ်အစောင့်ကရုတ်တရက်အထဲဝင်လာကာတင်ပြလာသည်။
"အရှင်၊ သခင်လေးသီအန်းကတွေ့ချင်နေပါတယ်။"

လင်ခုံးလုမိန်းမောသွားရပြီးမှပြောလိုက်သည်။ "သူ့ကိုဝင်လာခိုင်းလိုက်။"

ဟော့ရှီစစ်မှာစကားပြီး​အောင်မပြောရသေးခင်ကြားဖြတ်ခံလိုက်ရသဖြင့် သူ့မျက်နှာမှာသိပ်မကောင်းပေ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now